ကျောင်းသူ ကျောင်းသားတွေ လုံခြုံစိတ်ချစွာ ကျောင်းတက်နိုင်ရေး အစိုးရ ကိုတောင်းဆို

ကျောင်းသူ ကျောင်းသားတွေ လုံခြုံစိတ်ချစွာ ကျောင်းတက်နိုင်ရေး အစိုးရ ကိုတောင်းဆို
July 12, 2017 Asian Fame

12:41 pm
ကျောင်းသူ ကျောင်းသားတွေ လုံခြုံစိတ်ချစွာ ကျောင်းတက်နိုင်ရေး အစိုးရ ကိုတောင်းဆို

(ရန်ကုန် ဇူလိုင် ၁၂)

သေဆုံးမှု များပြားခဲ့တဲ့ YBS ယာဉ်နှစ်စီး မတော်တဆမှု ဖြစ်စဉ်အပြီးမှာ ကျောင်းသားတွေ လုံခြုံ စိတ်ချစွာ ကျောင်းတက်နိုင်ရေး အတွက် ဆောင်ရွက်ပေးဖို့ ပညာရေး ဝန်ကြီးဌာန အပါအဝင် အစိုးရကို တက္ကသိုလ် ဆရာဆရာမများ အသင်းက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ရက်နေ့က ထောက်ကြံ့ မှာဖြစ်ပွားခဲ့တဲ့ YBS ၅၅ ယာဉ်လိုင်းနဲ့ ၃၇ ယာဉ်လိုင်း တို့ရဲ့ ယာဉ်တိုက်မှုမှာ ၁၀ ဦးသေ ဆုံးပြီး အယောက်၃၀ကျော် ဒဏ်ရာရခဲ့ပါတယ်။

သေဆုံး ဒဏ်ရာရသူတွေထဲမှာ ကျောင်းသူကျောင်းသူတွေ ပါဝင်ခဲ့တာ နဲ့ပတ်သတ်ပြီး လိုင်းကားစီးပြီး ကျောင်း တက်နေကြ ရတဲ့ ကျောင်းသား များနဲ့ပြည်သူတွေရဲ့ ဘဝလုံခြုံမှု မရှိဖြစ်နေတာကြောင့် အခုလို တောင်းဆိုရခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

“ကျွန်တော်တို့ ၂၀၀၂ ခုနှစ်က အသင်း စထောင်ကတည်းက ကျောင်းသူ ကျောင်းသားတွေ ဆရာဆရာမတွေ လုံခြုံစိတ်ချစွာ သွား လာနိုင်ဖို့ကို တောင်းဆိုခဲ့တဲ့ အထဲပါပါတယ်။ အခု တက္ကသိုလ်တွေကို သွားရတာက အဝေးကြီးတွေမှာ ဆိုတော့ ဖယ်ရီနဲ့ ကိုယ့်ဘာသာ စီစဉ်ပြီး သွားကြရတယ်။ လိုင်းကား စီးရတယ်။ ဒီတော့ ဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ အစိုးရကို တောင်းဆိုချင်တာက သွားရေး လာရေး လုံခြုံစိတ်ချနိုင်ဖို့ကို စီစဉ်ပေးဖို့ပါ”လို့ တက္ကသိုလ် ဆရာဆရာမ များ အသင်းမှ ကိုယ်စားပြု ကော်မတီဝင် ဦးလှိုင် တင့်ကပြောပါတယ်။

တောင်းဆိုချက်ကို ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနများကိုပေးပို့သွားမှာဖြစ်ပြီးတုံ့ပြန်မှုကိုစောင့်ကြည့် ကာ လွှတ်တော်ကို လည်းပေးပို့သွားမယ်လို့သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*