ကျွန်းလှမြို့နယ်ထဲက ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ကို ဘိန်းဖြူမှုဖြှင့်ဖမ်းဆီး

ကျွန်းလှမြို့နယ်ထဲက ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ကို ဘိန်းဖြူမှုဖြှင့်ဖမ်းဆီး
July 12, 2017 Asian Fame

3:23 pm
ကျွန်းလှမြို့နယ်ထဲက ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ကို ဘိန်းဖြူမှုဖြှင့်ဖမ်းဆီး

(ရန်ကုန်၊ ဇူလိုင် ၁၂)

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူ ခရိုင် ကျွန်းလှမြို့နယ်တွင် ထဲက သစ်ရာမြိုင် ရပ်ကွက် အုပ်ချုပ်ရေးမှူး နဲ့အတူ အပေါင်းအပါ တစ်ဦးကို ဘိန်းဖြူမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ကျွန်းလှမြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်မှာ ကျွန်းလှမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ ကုက္ကိုကုန်း- ယင်းတိုက် သွားကား လမ်းပေါ် မှာ မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် သစ်ရာမြိုင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေးနဲ့ လွှတိုက်ကျေး ရွာနေ သူ ဦးခင်မောင်ဝင်း စီးနင်းလာတဲ့ ဆိုင်ကယ်ကို တားပြီး စစ်ဆေးရာကနေ ဘိန်းဖြူ ၀.၁၅ ဂရမ်စီပါ ပင်နယ် စလင်ပုလင်းနှစ်လုံး ကိုတွေ့ရှိ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“အခု သူတို့ကို စခန်းမှာ ရမန်ယူထားပါတယ်” လို့ ကျွန်းလှရဲစခန်းရဲ့ အမှုစစ် ရဲအုပ်မင်းသန်းက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

လက်ရှိသူတို့ကို မူးစိတ်ပုဒ်မ နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*