မန္တလေးမြို့အဝင် ၆ လမ်းသွား လမ်းမကြီး အနီးနားမှာ ဆောက်လုပ်မယ့် Garden City Apartment Complex

မန္တလေးမြို့အဝင် ၆ လမ်းသွား လမ်းမကြီး အနီးနားမှာ ဆောက်လုပ်မယ့် Garden City Apartment Complex
July 11, 2017 Asian Fame

3:40 pm
မန္တလေးမြို့အဝင် ၆ လမ်းသွား လမ်းမကြီး အနီးနားမှာ ဆောက်လုပ်မယ့် Garden City Apartment Complex

House1(မန္တလေး၊ဇူလိုင် ၁၁)

မန္တလေးမြို့အဝင် ၇၄ လမ်း၊ ၆ လမ်းသွားလမ်းမကြီးအနီး မှာ Garden City Apartment Complex ၁၅ လုံးကို မကြာခင် ရက်ပိုင်းအတွင်း စတင် တည်ဆောက်တော့မှာဖြစ်တယ်လို့ Mandalay Gaeden City ဆောက်လုပ်ရေးကုမ္ပဏီ ကသိရပါတယ်။

ဓာတ်လှေခါး ၄၅ စင်း၊ လုံခြုံရေးစနစ်၊ ၂၄ နာရီ ရေ နဲ့ လျှပ်စစ်မီး၊ အိမ်ရာ ထိန်းသိမ်းမယ့် Facilities Management အဖွဲ့၊ ကလေး ကစားကွင်းနဲ့ပန်းခြံ အားကစားခန်းမ၊ City Mart အပါအဝင် Convenience စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တန်း၊ ကား ဆိုင်ကယ် ပါကင်နေရာတွေ နဲ့ အခြေခံ အဆောက်အဦတွေပါဝင်မှာဖြစ်ပြီး အိပ်ခန်း ၂ ခန်းပါ စတုရန်းပေ ၆၀၅ ရှိ အခန်းပေါင်း ၄၂၀၊ အိပ်ခန်း ၃ ခန်းပါ စတုရန်းပေ ၉၂၅ ရှိ အခန်းပေါင်း ၂၄၀၊အိပ်ခန်း ၃ ခန်းပါ စတုရန်းပေ ၁၂၁၀ ရှိ Pent House အခန်းပေါင်း ၃၀၊ စုစုပေါင်း အခန်း ၆၉၀ ပါဝင်တည်ဆောက်သွားမှာဖြစ်တယ်လို့ ကုမ္ပဏီ ဒါရိုက်တာ ဦးဇင်မင်းဆွေကပြောပါတယ်။

မြေအောက်ထပ်မှာ ဆိုင်ကယ် ရပ်နားနိုင်ပြီး မြေပေါ် ၉ ထပ် အဆောက်အဦးတွေ ဖြစ်တယ် လို့သိရပြီး မြေညီထပ်တွေ ကိုတော့ရာင်းချ မှာမဟုတ်ဘဲ တိုက်ခန်းမှာနေရင်း စီးပွားရေး လုပ်လိုသူတွေကို ပြန်လည် ငှားရမ်းပေး သွားမှာ ဖြစ်တယ်လို့လည်း ၄င်းကဆိုပါတယ်။

ပထမထပ်ကနေ အဌမထပ်အထိ လူနေတိုက်ခန်း များဖြစ်ပြီး မြေညီထပ်မှာ သင်တန်းတွေ၊ ဆံသဆိုင်၊ ဖက်ရှင်ဆိုင်၊ အီလက်ထရောနစ် ဆိုင်၊ မိုဘိုင်းဆိုင်၊ ဆေးခန်း၊ မူကြို၊ အရုပ်ဆိုင်၊ လက်မှတ် အရောင်းဆိုင်၊ စားသောက်ဆိုင်တွေ ဖွင့်လှစ်နိုင်ဖို့ အတွက် ငှားရမ်းပေး သွားမှာပါ။

ဒီတိုက်ခန်းတွေကို ငလျှင်ဒဏ် ခံနိုင်မယ့် Pile Foundation အသုံးပြုထားပြီး ရန်သူမျိုး ငါးပါးကြောင့် ထိခိုက်ပျက်စီးတာ အတွက်ကိုတော့ တိုက်ခန်း ပိုင်ရှင်တွေ အချိုးကျကုန်ကျခံငွေ နဲ့ ပြန်ပြင်ပြန် ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ငွေလက်ငင်းချေ စနစ်ဆိုရင် တစ်ခန်းကို ၄၇၈.၅ သိန်းကျပ်မှ စတင်ကာ ရောင်းချပေး သွားမှာဖြစ်ပြီး လက်ရှိ နိုင်ငံ့ ၀န်ထမ်းတွေ ၀ယ်ယူရင် တစ်ခန်းကို အနည်းဆုံး ၄၅၄ သိန်းအထိ ၅ ရာခိုင်နှုန်းလျှော့ ရောင်းပေး သွားမှာ ဖြစ်ပါတယ်၊ ဒါ့အပြင် ၂ နှစ် အတိုး မဲ့ငွေပေးချေ စနစ်ရှိတာ ဆိုတော့ KBZ MAB CB AYA SHWE စတဲ့ Bank တွေနဲ့ နှစ်ရှည် ငွေပေးချေ စနစ် နဲ့လည်း ဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါတယ် လို့ Garden City အရောင်းမန်နေဂျာ ဒေါ်သက်သက်အောင် က ပြောပါတယ်။

တိုက်ခန်းတွေကို အခုရက်ပိုင်း ကစလို့ စတင် ရောင်းချပေး နေပြီး ဇူလိုင် ၁၆ ရက်မှာ စတင် တည်ဆောက် သွားတော့မှာ ဖြစ်ပြီး ၂၀၁၉ ဇူလိုင်လ အထိ အပြီး တည်ဆောက် သွားမှာဖြစ်တယ် လို့သိရပါတယ်။

News by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*