ကိုရီးယားနည်းပညာသုံး ရန်ကုန်တိုင်းက ဘတ်စ်ကားစက်ရုံဟာ တစ်နှစ်ကို ဘတ်စ်ကားသစ် ၁၀၀ ကနေ ၅၀၀ အထိ ထုတ်သွားမယ်လို့ စက်မှု ဒုတိယ အမြဲတမ်းအတွင်းဝန် ပြော

ကိုရီးယားနည်းပညာသုံး ရန်ကုန်တိုင်းက ဘတ်စ်ကားစက်ရုံဟာ တစ်နှစ်ကို ဘတ်စ်ကားသစ် ၁၀၀ ကနေ ၅၀၀ အထိ ထုတ်သွားမယ်လို့ စက်မှု ဒုတိယ အမြဲတမ်းအတွင်းဝန် ပြော
July 11, 2017 Asian Fame

11:54 am
ကိုရီးယားနည်းပညာသုံး ရန်ကုန်တိုင်းက ဘတ်စ်ကားစက်ရုံဟာ တစ်နှစ်ကို ဘတ်စ်ကားသစ် ၁၀၀ ကနေ ၅၀၀ အထိ ထုတ်သွားမယ်လို့ စက်မှု ဒုတိယ အမြဲတမ်းအတွင်းဝန် ပြော

2(ရန်ကုန် ဇူလိုင် ၁၁)

ရန်ကုန်တိုင်း အတွင်း တည်ဆောက်သွားမယ့် ကားစက်ရုံဟာဆိုရင် ပထမနှစ်အတွင်း ကားအစီးရေ ၁၀၀ ကနေ ၅၀၀ထိ ထုတ်လုပ် သွားမှာဖြစ်တယ် လို့ စက်မှု ၀န်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယအမြဲတမ်း အတွင်းဝန် ဦးထွန်းမြင့်က ပေါ်ပြူလာန ယူးစ် ကိုပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နဲ့ စက်မှု ၀န်ကြီးဌာနတို့ ပူးပေါင်းပြီး ထုတ်လုပ်ကြမယ့် အဲဒီ ကားသစ် ထုတ်လုပ်ရေး လုပ်ငန်း အတွက် စက်မှုဝန်ကြီး ဌာနပိုင် ထောက်ကြန့် အလုပ်ခွဲရုံ ကို တင်ဒါခေါ်ပြီး ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ ကမှ Myanmar Trade Center Co ltd ကိုနှစ်ရှည် ဌားရမ်းရေး စာချုပ်ချုပ်ဆိုခဲ့တာပါ။

1စက်တပ်ဆင်ရေး လုပ်ငန်းတွေ၊ မော်တော်ယာဉ် ဘတ်စ်ကား ထုတ်လုပ်ရေး လုပ်ငန်းတွေကို တော့ ကိုရီးယားနိုင်ငံက ပညာရှင်တွေ နဲ့ ကိုရီးယား နည်းပညာသုံးပြီး ထုတ်လုပ် သွားမယ် လို့  ဒုတိယအတွင်းဝန် က ဖြေကြားပါတယ်။

နောက်ပိုင်း မှာတော့ ဈေးကွက် လိုအပ်ချက်ပေါ် မူတည်ပြီး ကားအစီးရေ ၁၀၀၀ အထိထုတ် လုပ်သွားမယ် လို့ သိရပါ တယ်။  မြန်မာနိုင်ငံ မှာ ခရီးသည်တင် ဘတ်စ်ကား များ လိုအပ်နေ လို့ စက်မှု ၀န်ကြီး ဌာနနဲ့ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့  တို့ ပူးပေါင်းပြီး ဘတ်စ်ကားသစ် ထုတ်လုပ်မယ့် စက်ရုံတွေ တည် ထောင်မယ် လို့ စက်မှု ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်ချို က ပြီးခဲ့ တဲ့ မေလ ၂၀ ရက်နေ့ က ရန်ကုန်မြို့ က ကုန်သည် /စက်မှု အသင်းချုပ်မှာ လုပ်ငန်းရှင် များနဲ့ တွေ့ ဆုံ စဉ်ပြော ကြားခဲ့ပါတယ်။

ထုတ်လုပ်မယ့်ဘတ်စ်ကားတွေကို CNG နှင့် Diesel Engine နှစ်မျိုးစလုံး တပ်ဆင်ထုတ် လုပ်သွားမှာဖြစ်ပြီး ပထမ အဆင့်မှာ ဘတ်(စ်) ကား Body များကို ကိုရီးယားနိုင်ငံမှ တင် သွင်းမှာဖြစ်ကြောင်းနဲ့ ဒုတိယ အဆင့်မှာ ဘတ်(စ်)ကား Body အပါအဝင် အချို့အစိတ်အ ပိုင်းများ ကို ပြည်တွင်း၌ ထုတ်လုပ်သွား မည်ဖြစ်ကြောင်း တင်ဒါ အောင်မြင်သွားတဲ့ ကုမဏီ မှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင် က အလုပ်ခွဲရုံ ဌားရမ်းစဉ်က ပြောကြား ထားပါတယ်။  ဒါ့အပြင် မော်တော်ယာဉ် ထုတ်လုပ်မှု နည်းပညာ များကိုလည်း ကိုရီးယားနိုင်ငံမှ အဆင့်အလိုက် လွှဲပြောင်းလက်ခံ ရယူသွားမည်ဖြစ်ကြောင်း ၊မော်တော်ယာဉ် ထုတ်လုပ် မှု၊ ပြုပြင် ထိန်းသိမ်းမှုနှင့် မောင်းနှင်မှု သင်တန်းများလည်း တစ်ပါတည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ စက်အရံ ပစ္စည်း ရရှိရေး အတွက် ၁၀၀ % အာမခံချက် ပေးပြီး After Sale Service ဝန်ဆောင်မှုများလည်းဆောင်ရွက်ပေး သွားမှာ ဖြစ်တယ် လို့ ၎င်းကပြောကြားထားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*