နိုင်​ငံဝန်​ထမ်း​တွေ အ​နေနဲ့ ဒီမိုက​ရေစီ စနစ်​မှာ မလုပ်​ ၊ မရှုပ်​ ၊ မပြုတ်​ အ​တွေးအ​ခေါ်​တွေကို မစဉ်းစားသင့်​ဘူးလို့နိုင်​ငံ​တော်​ရဲ့ အတိုင်​ပင်​ခံပုဂ္ဂိုလ် သတိပေး

နိုင်​ငံဝန်​ထမ်း​တွေ အ​နေနဲ့ ဒီမိုက​ရေစီ စနစ်​မှာ မလုပ်​ ၊ မရှုပ်​ ၊ မပြုတ်​ အ​တွေးအ​ခေါ်​တွေကို မစဉ်းစားသင့်​ဘူးလို့နိုင်​ငံ​တော်​ရဲ့ အတိုင်​ပင်​ခံပုဂ္ဂိုလ် သတိပေး
July 10, 2017 Asian Fame

10:43 am
နိုင်​ငံဝန်​ထမ်း​တွေ အ​နေနဲ့ ဒီမိုက​ရေစီ စနစ်​မှာ မလုပ်​ ၊ မရှုပ်​ ၊ မပြုတ်​ အ​တွေးအ​ခေါ်​တွေကို မစဉ်းစားသင့်​ဘူးလို့နိုင်​ငံ​တော်​ရဲ့ အတိုင်​ပင်​ခံပုဂ္ဂိုလ် သတိပေး

19894980_1490418611020416_2492603807752694011_n

နေပြည်တော် ၊ ဇူလိုင် ၁၀

ပြည်သူ့ဝန်ထမ်းတွေများကို လစာတိုးပေးမြှင့်ရေးမှာ မဖြစ်နိုင်သေးပေမယ့် အစိုးရအနေနဲ့ အခြားနည်းလမ်းတွေနဲ့ ပံ့ပိုးပေးသွားမှာဖြစ်တယ်
လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီလိုပံ့ပိုးတဲ့နေရာမှာ ပိုမိုကောင်းမွန်တဲ့ အလုပ်ခွင်ဖန်တီးပေးခြင်း ၊ ပြည်သူ့ဝန်ထမ်းမိသားစုတွေအတွက် နေထိုင်မှု့အခြေအနေ ပိုမိုကောင်းမွန်ဖြစ်မြောက်ဖို့ ကြိုးပမ်းဆောင်ရွက်ပေးခြင်းတို့ဖြစ်တယ်လို့ သူမကဆိုပါတယ်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ (MICC 2)တွင် ယနေ့ကျင်းပတဲ့ မြန်မာနိုင်ငံ ၊ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်အား ထုတ်ပြန်ကြေငြာတဲ့ အခမ်းအနားမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် အငြိမ်းစားယူပြီး ပြည်သူ့ဝန်ထမ်းတွေအားလုံး အတွက်လည်း လုံလုံခြုံခြုံ ၊ သိက္ခာရှိရှိ နေနိုင်ဖို့ အိမ်ယာများ ဆောက်လုပ်ပေးသွားမယ်လို့လည်း သူမကဆိုပါတယ်။

နိုင်ငံဝန်ထမ်းတွေ အနေနဲ့လည်း ဒီမိုကရေစီ စနစ်မှာ မလုပ် ၊ မရှုပ် ၊ မပြုတ် အတွေးအခေါ်တွေကို မစဉ်းစားသင့်ဘူးလို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားခဲ့ပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*