ပုဒ်မ ၆၆ ဃ အပါအ၀င် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး ကြားနာတော့မည်

ပုဒ်မ ၆၆ ဃ အပါအ၀င် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး ကြားနာတော့မည်
July 10, 2017 Asian Fame

4:59 pm
ပုဒ်မ ၆၆ ဃ အပါအ၀င် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး ကြားနာတော့မည်

66(နေပြည်တော်၊ ဇူလိုင် ၁၀)

ဆက်သွယ်ရေး ဥပဒေအား ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ကြားနာပွဲကို ယခုတစ်ပတ် တွင်း ကျင်းပမယ်လို့ ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးအောင်မင်း က ပြောပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ အား ပြင်ဆင်ရာတွင် ပုဒ်မ ၃ ပုဒ်မခွဲ (န) တွင်ပါရှိသော ဆက်သွယ်ရေး သတင်း အချက်အလက် နဲ့နည်းပညာ ဝန်ကြီးဌာန စကားရပ်ကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန စကားရပ် အဖြစ် လည်းကောင်း ၊ ပုဒ်မ ၆၆ ပုဒ်မခွဲ (ဃ) ကိုလည်း ဆက်သွယ်ရေး ကွန်ယက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း သို့မဟုတ် အသေရေ ဖျက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း သို့မဟုတ် ခြောက်လှန့်ခြင်းဖြင့် လည်းကောင်း ပုဒ်မ ၈၀ ပုဒ်မခွဲ (က) (ခ) (ဂ) (ဃ)တို့ကိုလည်း အစားထိုး ပြင်ဆင် သွားမည်ဖြစ်ကြောင်း သိရပါတယ်။

“ပြင်တဲ့ကိစ္စမှာ ဥပဒေကြမ်း ကော်မတီ အနေနဲ့ ဖိတ်သင့်သူတွေ ဖိတ်မယ် ၊ ကြားနာပွဲကို ဒီတစ်ပတ်တွင်း လုပ်မယ်”လို့ သူကထပ်ပြော ပါတယ်။

ဆက်သွယ်ရေး ဥပဒေအား ပြင်ဆင်တဲ့ ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတထံမှ အမျိုးသား လွှတ်တော် သို့ပေးပို့ထားပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များလေ့လာနိုင်ရန် ယနေ့ ဇူလိုင် ၁၀ ရက်နေ့မှာ ကျင်းပတဲ့ လွှတ်တော်အပြီး ဖြန့်ဝေခဲ့ပါတယ်။

ယခုကဲ့သို့ ကြားနာပွဲ ကျင်းပပါက အရပ်ဖွဲ့ လူ့အဖွဲ့အစည်းတွေကို လည်းဖိတ်ကြားသင့်တယ် လို့ ဆက်သွယ်ရေး ဥပဒေ ဆိုင်ရာ သုတေသန အဖွဲ့မှ မောင်ဆောင်းခက ပြောပါတယ်။ ဒါ့အပြင် ဥပဒေအား ပြင်ဆင်ပါက ပြည်သူများ ရဲ့အသံ နားထောင်ကာ အကောင်း ဆုံးသော အကြံဥာဏ် များကို ထည့်သွင်းပြင်ဆင် သင့်တယ်လို့ မောင်ဆောင်းခ က ပြောပါတယ်။

လက်ရှိအချိန်ထိ ဆက်သွယ်ရေး ဥပဒေနဲ့ ဆွဲထားသော အမှု ၇၃ မှု ရှိနေတယ်လို့လည်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသန အဖွဲ့ထံမှသိရပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*