ခင်ပွန်းသည် အချုပ်သားထံ အစားအသောက်ကြား ဘိန်းဖြူ ထည့်ပြီး လာပို့တဲ့ အမျိုးသမီး ရဲအဖမ်းခံရ

ခင်ပွန်းသည် အချုပ်သားထံ အစားအသောက်ကြား ဘိန်းဖြူ ထည့်ပြီး လာပို့တဲ့ အမျိုးသမီး ရဲအဖမ်းခံရ
July 10, 2017 Asian Fame

4:08 pm
ခင်ပွန်းသည် အချုပ်သားထံ အစားအသောက်ကြား ဘိန်းဖြူ ထည့်ပြီး လာပို့တဲ့ အမျိုးသမီး ရဲအဖမ်းခံရ

(ပင်လည်ဘူး ၊ ဇူလိုင် ၁၀)

မူးယစ်ဆေး သုံးစွဲရောင်းဝယ်မှုနဲ့ အချုပ်ကျနေတဲ့ ခင်ပွန်းသည်ထံ အစားအသောက်ကြား ဘိန်းဖြူ ညှပ်ပြီး လာပို့တဲ့ ဇနီးသည်ကို ရဲက စစ်ဆေး တွေ့ရှိပြီး ဖမ်းဆီးလိုက်တဲ့ အမှု တစ်ခု ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး ပင်လည်ဘူးမြို့နယ် မှာ ဖြစ် ပွားခဲ့ပါတယ်။

အချုပ်သားဧည့်တွေ့ချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ဘိန်းဖြူ ၀.၀၂ ဂရမ်ကို အအေးသောက်တဲ့ ပိုက်ထဲ ထည့်ထားတယ်။ ပိုက်ကို ပေါက်မုန့် ကြားထဲ ညှပ်ထားတာကို ဖမ်းဆီးရမိ လိုက်တယ်” လို့ ပင်လည်ဘူးမြို့မရဲစခန်း ရဲ့ စခန်းမှူးက ပြောပါတယ်။

လက်ရှိမှာ မူးယစ်ဆေးဝါး သယ်ဆောင်လာပြီး ခင်ပွန်းဖြစ်သူ ကို ပေးတဲ့ အမျိုးသမီးကို မူးစိတ် ပုဒ်ပ ၁၅/၁၆(ဂ) ၂၁ နဲ့ အမှုဖွင့် ထားတယ် လို့ ရဲစခန်းက နေသိရပါတယ်။

YL ၊ ThiHa

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*