အဝေးပြေးလမ်းမကြီးများတွင် အချက်ပြစနစ်မှားယွင်းစွာအသုံးပြုနေမှုများအတွက် စက်တင်ဘာ(၁)ရက်တွင် စတင်အရေးယူမည်

အဝေးပြေးလမ်းမကြီးများတွင် အချက်ပြစနစ်မှားယွင်းစွာအသုံးပြုနေမှုများအတွက် စက်တင်ဘာ(၁)ရက်တွင် စတင်အရေးယူမည်
July 9, 2017 Asian Fame

6:19 pm
အဝေးပြေးလမ်းမကြီးများတွင် အချက်ပြစနစ်မှားယွင်းစွာအသုံးပြုနေမှုများအတွက် စက်တင်ဘာ(၁)ရက်တွင် စတင်အရေးယူမည်

19894664_1482936451750315_5982929248706255452_n

ဓါတ်ပုံ – အမြန်လမ်းမကြီးပေါ်တွင်အချက်ပြမီးစနစ်မှားယွင်းစွာအသုံးပြုနေသည့်ခရီးသည်တင်ယာဉ်တစ်စီးကိုတွေ့ရစဉ်

နေပြည်တော်၊ ဇူလိုင် ၉

ယာဉ်မောင်းသူများအနေဖြင့် အဝေးပြေးလမ်းမကြီးများပေါ်တွင် မောင်းနှင်ကြသည့်အခါ အချက်ပြမီးမှားယွင်းစွာအသုံးပြုနေကြသည့်အတွက် မှန်ကန်စွာအသုံးပြုနိုင်စေရန်အတွက်ပညာပေးစည်းရုံးမှုများပြုလုပ်နေပြီးစက်တင်ဘာလ(၁)ရက်နေ့မှစတင်ကာအရေးယူမှုများပြုလုပ်သွားမည်ဖြစ်သည်။

“ယာဉ်မောင်းတွေက မြို့တွင်းလမ်းကြောင်းမှာဆိုရင်တော့ ညာဖက်ကွေ့ချင်ရင်ညာအချက်ပြတယ်၊ဘယ်ဖက်ကွေ့ချင်ရင်ဘယ်အချက်ပြမီးပြကြတယ်၊ဒါပေမယ့်လမ်းမကြီးတွေရောက်လို့နောက်က ကားကကပ်ပါလာရင်ကျော်ဖို့အတွက်ဘယ်ဖက်အချက်ပြမီးကို ပြနေကြတယ်၊ဒါကမှားနေတာပါ၊သူကျော်ဖို့အတွက်ကိုက အချက်ပြမီးပြစရာမလိုပါဘူး၊ကိုယ့်ယာဉ်ညာဖက်ကပ်ရင်သာညာအချက်ပြမီးကိုပြရမှာပါ”ဟု နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနယာဉ်မောင်းသင်တန်းကျောင်းမှသင်တန်းနည်းပြ တစ်ဦးကရှင်းပြသည်။

အမြန်လမ်းမကြီးအပါအဝင် အဝေးပြေးလမ်းမကြီးများတွင် နောက်ယာဉ်ကို ကျော်တတ်စေလိုပါက လက်ဝဲဖက်အချက်ပြမီးကိုမပြုကြရန်နှိုးဆ်ာမှုများလက်ကမ်းစာဆောင်များဆက်တိုက်ပြုလုပ်လျှက်ရှိနေသည်။

လမ်းမကြီးများပေါ်တွင် အချက်ပြစနစ်ကိုယနေ့အချိန်ထိမှားယွင်းစွာကျင့်သုံးနေသည့်မော်တော်ယာဉ်များရှိနေဆဲဖြစ်ပြီးစက်တင်ဘာ(၁)ရက်နေ့မှစတင်ကာ ဒါဏ်ငွေ(၃၀၀၀၀)ကျပ်ရိုက်၍အရေးယူမည်ဖြစ်သည်။

အချက်ပြမီးစနစ်မှန်ကန်စေရန်ပြောင်းလဲရာတွင် လမ်းပေါ်ရှိယာဉ်အားလုံးတပြေးညီလိုက်နာကြရန်လိုနေပြီး နောက်ယာဉ်ကိုကျော်တတ်ရန်အချက်ပြမီးကိုမှားယွင်းစွာဆက်လက်ပြနေပါက ယာဉ်မတော်တဆမှုအန္တရာယ်က ပိုမိုကြီးမားလာနိုင်သောကြောင့် ယာဉ်အားလုံးတပြေးညီပြောင်းလဲရန်လိုအပ်နေသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*