ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ် တစ်စီး မီးလောင်

ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ် တစ်စီး မီးလောင်
July 4, 2017 Asian Fame

3:22 pm
ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ် တစ်စီး မီးလောင်

(boatကနီ၊ ဇူလိုင် ၄)

ဒီကနေ့ နေ့လည် ၁ နာရီလောက်က ချင်းတွင်းမြစ် အတွင်း ကနီမြို့နယ် မဲဒင်ကျေးရွာ အထက်နားမှာ အမြန်ရေယာဉ် တစ်စီး မီးလောင်မှုဖြစ်ပွား ခဲ့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်း ကိုတော့ မသိရှိရသေးကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှု နဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပြောပါတယ်။

“ကုန်တင်ယာဉ်ပါ။ လူမပါဘူး။ ပျက်စီးဆုံးရှုံးမှု နည်းတယ်လို့ ကျွန်တော့ကို ကနဦးအစီရင်ခံ ထားတယ်။ ဘာ့ကြောင့်လောင်ရတယ် ဆိုတာ ကိုတော့ စုံစမ်းနေတုန်းပါ” လို့ သူက ဆိုပါတယ်။ မီးလောင်ကျွမ်းခဲ့တဲ့ အမြန်ရေယာဉ် ကတော့ မင်းမြတ်သူ အမြန်ရေ ယာဉ်ဖြစ်ပါတယ်။ “မီးငြိမ်းသွားပြီ။ အခု ရေယာဉ်ကို လည်းပြန်ဆယ်ပြီးသွားပြီး။ လူအသေအပျောက် မရှိပါဘူး”လို့ ကနီမြို့နယ် တိုင်းဒေသကြီး အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဦးရွှင်ဌေးက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်း ကို အသေးစိတ် စုံစမ်း နေတယ် လို့လည်း ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက သူ့ရဲ့ ဖေ့ဘွတ် စာမျက်နှာ မှာ ရေးသား ထားပါတယ်။

PHA

Photo- Tun Tun Win

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*