ယာယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသော ထိုင်းရှိ မြန်မာ လုပ်သားများကို CI အမြန်ဆုံး ထုတ်ပေးရန် ထိုင်းအစိုးရ သဘောတူ

ယာယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသော ထိုင်းရှိ မြန်မာ လုပ်သားများကို CI အမြန်ဆုံး ထုတ်ပေးရန် ထိုင်းအစိုးရ သဘောတူ
July 3, 2017 Asian Fame

4:48 pm
ယာယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသော ထိုင်းရှိ မြန်မာ လုပ်သားများကို CI အမြန်ဆုံး ထုတ်ပေးရန် ထိုင်းအစိုးရ သဘောတူ

Untitled-1(  ရန်ကုန်၊ ဇူလိုင် ၃ )

သက်တမ်း ကုန်ဆုံးနေပြီဖြစ်သည့် ယာယီနိုင်ငံကူး လက်မှတ်(သို့) ခရမ်းရောင်စာအုပ် ကိုင်ဆောင် ထားသော ထိုင်းရှိမြန်မာ လုပ်သား များကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် CI စာအုပ် အမြန်ဆုံးထုတ်ပေးရန် ထိုင်းအစိုးရက သဘောတူ လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သော မြန်မာနှင့်ထိုင်းကြား ရွှေ့ပြောင်း လုပ်သားကဏ္ဍ ဆိုင်ရာဆွေးနွေးပွဲတွင် ယခုကဲ့သို့ သဘောတူ ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားနှင့်လ၀က ၀န်ကြီးဌာနမှ သိရသည်။  ထိုင်းသို့ သွားရောက်အ လုပ်လုပ် ကိုင်မည့် မြန်မာ လုပ်သားများ တွင် စုစုပေါင်း ၁.၇ သန်းကို မြန်မာအစိုးရက ယာယီနိုင်ငံကူးလက်မှတ်(သို့)ခရမ်းရောင် စာအုပ်များ ထုတ်ပေးခဲ့ပြီးဖြစ်သည်။  ယင်း ခရမ်းရောင် စာအုပ်များမှာ ယခု တွင် သက်တမ်းကုန်ခဲ့ပြီဖြစ်သည်။

“ခန့်မှန်းချေ ၅သန်း / ၆ သန်းလောက်ရှိမယ် ထင်တယ်။ ဒါကလည်း တွက်ချက်မှုပဲ ရှိတယ်။ ဘာလို့လဲ ဆိုတော့ တစ်ချို့ က မြန်မာနိုင်ငံ ကိုပြန်လာတယ်။ ဘားအံကရုံးမှာ အများစု နိုင်ငံကူးလက်မှတ် လုပ်တယ်ပေါ့နော်။ တစ်ချို့ကြတော့ CI လုပ်ငန်းစဉ်ထဲ ပါသွားတယ်။ အခုက ကျန်တဲ့ အလုပ်သမားတွေကို CI ထုတ်ပေးရမှာပေါ့နော်။ ဒါကို ထိုင်းအစိုးရ ဘက်ကလည်း အမြန်ဆုံးထုတ်ပေးဖို့ ကို သဘောတူ လိုက်ပြီ” ဟု အလုပ်သမားနှင့်လ၀က ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ခရမ်းရောင် စာအုပ်ကိုင်ဆောင် သူများသည် ပြီးခဲ့သည့် လပိုင်းများကပင် သက်တမ်း ကုန်ဆုံးမှုများ ဆက်တိုက် ရှိခဲ့ပြီး အချို့ကို အလုပ်ရှင် က နေရပ်ပြန် အထောက်အထား လုပ်ခိုင်းမှု များရှိခဲ့သည်။  အချို့ စာရွက်စာတမ်းပြည့်စုံသူ အချို့မှာ မည်သူ မည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် ပြောင်းလဲ ထုတ်ယူသူ များလည်းရှိသည်။  လက်ရှိတွင်လည်း ထိုင်းနိုင်ငံတွင် မြန်မာအစိုးရက စခန်းများ အသီးသီး ဖွင့်၍ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် CI စာအုပ်များကို ထုတ်ပေးလျက် ရှိရာ ယနေ့ထိ CI စာအုပ် လာလုပ်သူ မြန်မာနိုင်ငံသား အလုပ်သမား ၁ သိန်း ၈ သောင်းခန့် ရှိပြီဖြစ်ကြောင်း သိရသည်။  ထိုင်းအစိုးရ ကလည်း နိုင်ငံ အတွင်းရှိ အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးထောင်ချ ဒဏ်ရိုက်မည့် ဥပဒေတစ်ရပ် ကို ပြီးခဲ့သည့် ဇွန်လ အတွင်း ကစတင် အသက်ဝင်စေခဲ့ပြီး ရက်ပေါင်း ၁၂၀ ပြန်လည် ဆိုင်ငံ့ပေးထားသည်။  အဆိုပါ ဆိုင်းငံ့ကာလအတွင်း အထောက်အထား မရှိသူ အလုပ်သမားများ အနေဖြင့် အထောက်အထား လုပ်ကြရန် ၊ ယင်းအထောက်အထား လုပ်ရာတွင်လည်း ထိုင်းရှိ အလုပ်သမားရုံးများ အနေဖြင့် တစ်နာရီနှင့် ပြီးပြတ်အောင် လုပ်ဆောင်ပေးရန် ထိုင်းအစိုးရက ညွှန်ကြားထားကြောင်း သိရသည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*