ကျောင်းကြို ၊ ကျောင်းပို့ယာဉ် (School Bus) များ ပြည်သူရင်ပြင်သို့ ရောက်ရှိနေ

ကျောင်းကြို ၊ ကျောင်းပို့ယာဉ် (School Bus) များ ပြည်သူရင်ပြင်သို့ ရောက်ရှိနေ
June 30, 2017 Asian Fame

1:30 pm
ကျောင်းကြို ၊ ကျောင်းပို့ယာဉ် (School Bus) များ ပြည်သူရင်ပြင်သို့ ရောက်ရှိနေ

schoolbus(ရန်ကုန် ၊ ဇွန် ၃၀)

ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြော ပိတ်ဆို့နိုင်သော အဓိကလမ်းမကြီး များပေါ်၌ တည်ရှိသည့်ကျောင်း ၂၂ကျောင်း တွင် ပြေး ဆွဲပေးမည့် ကျောင်းကြို ၊ ကျောင်းပို့ယာဉ်(School Bus) များ ပြည်သူရင်ပြင်သို့ ရောက်ရှိနေ သည်ကို တွေ့ ရသည်။

အဆိုပါ ကျောင်းကား (School Bus) သည် ၂၈ ယောက်စီးနိုင်မည်ဖြစ်ပြီး ကားဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၆၈၄ဝ ဖြစ်ကြောင်း ၊
၂ဝ၁၇ ဟွန်ဒိုင်း ထုတ် ကားအသစ်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။

အဆိုပါ ကျောင်း (၂၂) ကျောင်း မှာ ကျောင်းသားဦးရေ ၅၈ဝဝဝ ကျော် နှင့် ကျောင်းကြိုပို့ ယာဉ်ဖြင့် တက်ရောက်သည့် ကျောင်းသား ဦးရေမှာ ၁၉၃၄၂ ယောက် ရှိကြောင်းသိရသည်။ ထိုနည်းတူ ကိုယ်ပိုင်ကားနှင့်ကျောင်းတက်သည့် ကားစီးရေ ၁၈၉၉ စီး ရှိကြောင်း ယင်းအာဏာပိုင် အဖွဲ့ မှ သိရသည်။

School Bus များဖြင့် စနစ်တကျ ကြို၊ပို့နိုင်ရန် စီစဉ် လျက်ရှိသည့် ကျောင်းများမှာ အ.ထ.က (၄) ဗိုလ်တထောင်၊ အ.ထ.က (၆) ဗိုလ်တထောင်၊ အ.ထ.က (၄) ပုဇွန်တောင်၊ အ.ထ.က (၁) လသာ၊ အ.ထ.က (၂) လသာ၊ အ.ထ.က (၁) ပန်းဘဲတန်း၊ ကမာရွတ်TTC ၊ အ.ထ.က (၁)ဒဂုံ၊ အ.ထ.က (၂) ဒဂုံ၊ အ.လ.က (၁) ဒဂုံ (ဘိရှော့ဟုမ်း)၊ အ.ထ.က (၂) ဗဟန်း(နံရံကျောင်း)၊ အ.ထ.က (၁) စမ်းချောင်း၊ အ.ထ.က (၂) စမ်းချောင်း၊ အ.ထ.က (၂) မင်္ဂလာဒုံ (အောင်ဆန်းသူရိယ လှသောင်းကျောင်း)၊ အ.ထ.က (၄) အလုံ၊ အ.ထ.က (၂) ကမာရွတ်(မရမ်းခြံ)၊ အ.ထ.က (၁) သင်္ဃန်းကျွန်း၊ အ.ထ.က (၁) အင်းစိန်၊ အ.ထ.က (၂) မရမ်းကုန်း၊ အ.ထ.က (၁) မင်္ဂလာတောင်ညွန့်၊ အ.မ.က (၁)ဗဟန်း၊ILBC (အင်္ဂလိပ် ကျောင်း)တို့ဖြစ်ကြောင်း အထက်ပါအာဏာပိုင်အဖွဲ့ မှ သိရသည်။

ဝေရှိုင်းကျော်
ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*