အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အာမခံလျောက်ထားမှု ငါးကြိမ်တိုင်တိုင်ပယ်ချခံရ

အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အာမခံလျောက်ထားမှု ငါးကြိမ်တိုင်တိုင်ပယ်ချခံရ
June 30, 2017 Asian Fame

11:01 am
အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အာမခံလျောက်ထားမှု ငါးကြိမ်တိုင်တိုင်ပယ်ချခံရ

1

ရန်ကုန်၊ ဇွန် ၃၀

ကျန်းမာရေးအထောက်အထားမပြနိုင်လို့ဆိုပြီး The Voice အယ်ဒီတာချုပ်ဦးကျော်မင်းဆွေရဲ့ ငါးကြိမ်မြောက် အာမခံလျှောက်ထားမှုကို ဗဟန်းတရားရုံးကပယ်ချခဲ့ပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ The Voice သတင်းစာအယ်ဒီတာချုပ်ဦးကျော်မင်းဆွေကို ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့မှာ ဗဟန်းတရားရုံးမှာရုံးထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ တရားလိုဘက်က ရောက်ရှိလာခြင်းမရှိတာကြောင့်အမှုကိုမစစ်ခဲ့ပါဘူး။

“အာမခံသက်သေအထောက်အထား မပြည့်စုံလို့ဆိုပြီး တရားရုံးကထပ်မံပယ်ချခဲ့ပါတယ်။သူတို့တောင်းတာက ဆေးလက်မှတ်အထောက်အထားတောင်းတာ ။ထောင်ကဆေးလက်မှတ်မပေးနိုင်ပါဘူးဆိုတာကို ကျွန်တော်တို့က ဆေးလက်မှတ်ဘယ်လိုပေးရမှာလဲ။ပြီးတော့ ဦးကျော်မင်းဆွေက နေမကောင်းဖြစ်နေပါတယ်ဆိုပြီး အာမခံတောင်းတာမှမဟုတ်တာ။အာမခံရသင့်ပါတယ်ဆိုတဲ့ အချက်အလက်အပြည့်အစုံနဲ့တောင်းတယ်။နှုတ်နဲ့ လည်းပြည့်ပြည့်စုံစုံလျှောက်လဲချက်ပေးတယ်။တရားရုံးကပယ်ချခဲ့ပြန်ပါတယ်” လို့ The Voice အမှုရဲ့အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဝင်းကပြောပါတယ်။

ကျည်ထောင်စုသစ္စာ သရော်စာကို အွန်လိုင်းမှာ ဖော်ပြခဲ့မှုကြောင့် အခုလို တရားစွဲဆို ခံရတာဖြစ်ပြီး သရော်စာ ရေးသားခဲ့သူ ဗြိတိသျှကိုကိုမောင် ကိုတော့ ဦးကျော်မင်းဆွေ ရဲ့ပြောဆိုချက် နဲ့ ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီးဌာနရဲ့မှတ်ချက်အရ အရ ပြီးခဲ့တဲ့က အပတ်က တရားရုံးမှ တရားသေလွှတ်ပေးခဲ့ပါတယ်။ အမှုကို ဇူလိုင်လ ၇ရက်နေ့ မှာထပ်မံစစ်ဆေးဖို့ရုံးချိန်းလိုက်ပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*