June 30, 2017
5:03 pm
5:03 pm
မင်္ဂလာဒုံက ၄လောင်းပြိုင် လူသတ်မှု နှင့် ပတ်သတ်၍ ဝေဖန်နေကြမှု တို့အပေါ် ရဲတပ်ဖွဲ့ ဘာပြန်ပြောသလဲ
(နေပြည်တော် ၊ဇွန်၃၀)
ရဲအရာရှိဟောင်း တစ်ဦးပါသည့် မင်္ဂလာဒုံက ၄လောင်းပြိုင် လူသတ်မှုနှင့် ပတ်သတ်၍ ရဲတပ်ဖွဲ့၏ ယနေ့ မနက်ပိုင်း သတင်း ထုတ်ပြန်ချက် အပေါ် ဝေဖန်မှုများ ရှိနေကြသည်။
အထူးသဖြင့် လူမှုကွန်ယက်ပေါ်တွင် ဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သတ်၍ ရဲတပ်ဖွဲ့ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးသက်နိုင်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက Popular News ကို အခုလို ရှင်းပြခဲ့သည်။
”ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့မှတ်ချက် ။ပညာရှင်လို့ ဆိုတဲ့နေရာမှာ သက်ဆိုင်ရာ မှုခင်းဆရာဝန်ကြီးတွေ၊ ဓါတုဗေဒ ၀န်တွေ၊ DNA စစ်ဆေးသူတွေ အားလုံးပါပါတယ်။
နောက်ပြီး မှုခင်းရဲတပ်ဖွဲ့ သူတို့တွေရဲ့ စစ်ဆေးချက် ၊တွေ့ရှိချက် ဒါတွေအားလုံး ခြုံငုံ သုံးသပ်ပြီး အခုလို ကောက်ချက် ချလိုက် တာဖြစ်ပါတယ်”ဟု ရဲမှူးကြီးက ပြောသည်။
PN