YBS ယာဉ်တစ်စီး မောင်းနှင်နေစဉ်မီးလောင်

YBS ယာဉ်တစ်စီး မောင်းနှင်နေစဉ်မီးလောင်
June 29, 2017 Asian Fame

1:05 pm
YBS ယာဉ်တစ်စီး မောင်းနှင်နေစဉ်မီးလောင်

19642464_1478028158926128_2111753659013408996_n(ရန်ကုန်၊ ဇွန် ၂၉)

ယနေ့မနက် ၉ နာရီ ၁၃ မိနစ်အချိန်က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် YBS အမှတ် ၃၈ ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား ခဲ့သည်။

ရဲက အဆိုပါ မီးလောင်မှုသည် အင်ဂျင်အား ဆက်သွယ်ထားသော ဂတ်စ် ပိုက်ပြုတ်၍ အင်ဂျင်အား ရိုက်ကာ မီးပွင့်ပြီး မီးလောင်ခြင်းဖြစ် ခဲ့ခြင်းသည်ဟု ပြောသည်။

ယာဉ်ပေါ်ပါ ခရီးသည် အများစု ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ မရှိခဲ့သော်လည်း ခရီးသည် အချို့မှာမူ ယာဉ်ပေါ်မှ ထွက်ပြေး စဉ် ခြေ/လက်တို့၌ အနည်းငယ်ပွန်းပဲ့ ဒဏ်ရာတို့ ရရှိခဲ့သည်ဟု သက်ဆိုင်ရာ ရဲစခန်းက ပြောသည်။

လက်ရှိတွင် ယာဉ်မောင်းကို အရေးယူရန်စီစဉ်နေသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*