မန္တလေးမှာ အိမ်ခန်းတွေပါရှိတဲ့လိုင်းခန်းတစ်ခု ယနေ့နေ့လည်က မီးလောင်မှုဖြစ်၊ အချိန်မှီငြိမ်းနိုင်ခဲ့၍ အိမ်ခန်း ၂ ခန်းသာ မီးလောင်ခဲ့

မန္တလေးမှာ အိမ်ခန်းတွေပါရှိတဲ့လိုင်းခန်းတစ်ခု ယနေ့နေ့လည်က မီးလောင်မှုဖြစ်၊ အချိန်မှီငြိမ်းနိုင်ခဲ့၍ အိမ်ခန်း ၂ ခန်းသာ မီးလောင်ခဲ့
June 28, 2017 Asian Fame

5:55 pm
မန္တလေးမှာ အိမ်ခန်းတွေပါရှိတဲ့လိုင်းခန်းတစ်ခု ယနေ့နေ့လည်က မီးလောင်မှုဖြစ်၊ အချိန်မှီငြိမ်းနိုင်ခဲ့၍ အိမ်ခန်း ၂ ခန်းသာ မီးလောင်ခဲ့

1

မန္တလေး ၊ဇွန်၂၈

မန္တလေး ချမ်းအေးသာစံမြို့နယ် အကွက်အမှတ် ၆၈၊ ၃၄ လမ်း နဲ့ ၃၅ လမ်းကြား၊ ၇၄ လမ်း နဲ့ ၇၅ လမ်းကြားမှာ ဒီနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က အိမ်ခန်းတွေပါရှိတဲ့လိုင်းခန်းတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့တာမှာနေအိမ်ခန်း ၂ ခန်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဒီမီးလောင်မှုဖြစ်စဉ်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ ၀ါယာရှော့ကြောင့် ဖြစ်တာလို့ ပြောဆိုထားပြီး အတိအကျကိုတော့ စုံစမ်းနေတုန်းပဲဖြစ်တယ်လို့ မီးသတ်တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

မီးလောင်မှုကြောင့် ကျပ် ၃ သိန်းခန့်ဆုံးရှုံးမှုရှိခဲ့တယ်လို့ ဆိုထားပြီး မီးလောင်တဲ့နေရာကို မီးငြှိမ်းသတ်ယာဉ်အပါအ၀င် မီးသတ်ယာဉ် ၅၅ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး၊ သန္ဓေ ၅၀ အရန် ၇၀ သွားရောက် မီးငြှိမ်းသတ်ခဲ့တာမှာ ရပ်ကွက်အ၀င်လမ်းကျဉ်းမြောင်းလို့ အခက်အခဲတစ်ချိုးရှိခဲ့ပေမယ့်လည်း ရပ်ကွက်နေသူတွေရဲ့ ပူးပေါင်းမှုကြောင့် ၁၀ မိနစ်ခန့်သာလောင်ကျွမ်းခံခဲ့ရတယ် လို့သိရပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*