ဝန်ကြီးဌာန များမှ တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်အားခ အပေါ် ဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန်များ ပေးဆောင်ရန် မလို

ဝန်ကြီးဌာန များမှ တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်အားခ အပေါ် ဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန်များ ပေးဆောင်ရန် မလို
June 26, 2017 Asian Fame

2:46 pm
ဝန်ကြီးဌာန များမှ တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်အားခ အပေါ် ဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန်များ ပေးဆောင်ရန် မလို

နေပြည်တော်၊ ဇွန် (၂၅)

ဝန်ကြီးဌာန များမှ ပြည်ထောင်စု အစိုးရ ရံပုံငွေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရံပုံငွေများဖြင့် တည်ဆောက်ရေး လုပ်ငန်း များဆောင် ရွက်ရာ တွင် ဌာနဆိုင်ရာ ကြီးကြပ်မှုဖြင့် တိုက်ရိုက် တည်ဆောက်ပါက ကျွမ်းကျင် လုပ်သား အပါအဝင် လုပ်သား ဌားရမ်းခ များအပေါ် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကို ပေးဆောင်ရန်မလိုအပ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှသိရသည်။

“ဝန်ကြီးဌာနတွေက တည်ဆောက်ရေး လုပ်ငန်းတွင် လုပ်ရင်အကြမ်းအားဖြင့် (၂)မျိုး ခွဲနိုင်ပါတယ်၊ ဝန်ကြီးဌာနက ကိုယ်တိုင် တည်ဆောက်တာ နဲ့ ကန်ထရိုက်ပေးပြီး ဆောက်လုပ်စေတာပါ၊ ဌာနက ကိုယ်တိုင်ဆောက်လုပ်တဲ့ အပေါ်မှာတော့ လုပ်သား ဌားရမ်း ခတွေ အတွက် ဒီအခွန်တွေ မလိုပါဘူး၊ ကန်ထရိုက် ပေးထားရင်တော့ ဒါကပုဂ္ဂလိက အပိုင်းဖြစ်လို့ ကန်ထရိုက်ရတဲ့ ကုမ္ပဏီက ဒီ အခွန်တွေ ပေးဆောင်ရပါမယ်။”ဟု ပြည်တွင်း အခွန် ဦးစီးဌာန (နေပြည်တော်မှ) ဦးစီးအရာရှိ ဦးမျိုးသက်က ဆိုသည်။

ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် အစိုးရဌာနများ အနေဖြင့် ဌာနရှိ အင်ဂျင်နီယာများမှ ဦးဆောင်ပြီး လုပ်သား ဌားရမ်း တည်ဆောက်မှုများ အပေါ် ဝင်ငွေခွန်(၂)ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် (၅)ရာခိုင်နှုန်း ကိုပေးဆောင်ရန် လိုအပ်မည် မဟုတ်ပေ။

သို့သော် ဝန်ကြီးဌာနများမှ တိုက်ရိုက်တည်ဆောက်ခြင်း မဟုတ်ဘဲ ကန်ထရိုက် စနစ်ဖြင့် ပုဂ္ဂလိကကုမ္မဏီ များသို့ တဆင့်ပြန် လည်ပေး အပ်ပါက ကုမ္ပဏီများ မှ လုပ်သား ဌားရမ်း ဆောင်ရွက်မှု များ အပေါ် ပင်ရင်းမှနှုတ်ယူ ပေးသွင်းရမည့် ကြိုတင် ဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် များပေးဆောင်ရမည်ဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*