မူးယစ်ကင်းစင်တဲ့ဒေသတစ်ခုဖြစ်ဖို့ ပြည်သူအပေါင်းက ပူးပေါင်းပါဝင်ဖို့လိုတယ်လို့ မန်းဝန်ကြီးချုပ်ပြော

မူးယစ်ကင်းစင်တဲ့ဒေသတစ်ခုဖြစ်ဖို့ ပြည်သူအပေါင်းက ပူးပေါင်းပါဝင်ဖို့လိုတယ်လို့ မန်းဝန်ကြီးချုပ်ပြော
June 26, 2017 Asian Fame

3:57 pm
မူးယစ်ကင်းစင်တဲ့ဒေသတစ်ခုဖြစ်ဖို့ ပြည်သူအပေါင်းက ပူးပေါင်းပါဝင်ဖို့လိုတယ်လို့ မန်းဝန်ကြီးချုပ်ပြော

mdyd

မန္တလေး၊ဇွန်၂၆

နိုင်ငံတော်ဘက်က မူးယစ်ဆေးဝါးကင်းတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ဖို့ကြိုးပမ်းဆောင်ရွက်နေချိန်မှာ ဒေသအလိုက်လည်း မူးယစ်ကင်းစင်တဲ့ဒေသတစ်ခုဖြစ်ဖို့ ပြည်သူအပေါင်းက ပူးပေါင်းပါဝင်ဖို့လိုတယ် လို့ မန္တလေးမြို့မှာ ဒီနေ့မနက်ပိုင်းကပြုလုပ်တဲ့ အကြိမ် ၃၀ မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။


“နိုင်ငံတော်အနေနဲ့ မူးယစ်ဆေးဝါးကင်းစင်တဲ့နိုင်ငံ Drug Free Nation ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်နေသလို ကျွန်တော်တို့အနေနဲ့လည်း မန္တလေးတိုင်းဒေသကြီးကို မူးယစ်ဆေးဝါးကင်းမဲ့တဲ့ဒေသ Drug Free Region ဖြစ်လာစေရေး ၀ိုင်းဝန်းကာကွယ်ကြဖို့ လိုအပ်ပါတယ်” လို့ ၀န်ကြီးချုပ်က ပြောသွားတာပါ။


ဒေသတစ်ခုချင်းဆီကနေ တစ်နိုင်ငံလုံးမူးယစ်ကင်းစင်တဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ရာမှာ ပြည်သူလူထုပူးပေါင်းပါဝင်ဖို့လို တယ်ဆိုတဲ့အကြောင်း ၄င်းကတိုက်တွန်းပြောဆိုလိုက် တာပဲဖြစ်ပြီး မူးယစ်ဆေးဝါးပြဿ နာဟာ နိုင်ငံတစ်ခု လူမျိုးတစ်စုနဲ့သာ သက်ဆိုင်တာမျိုးမဟုတ်ဘဲ လူသား မျိုး နွယ်စုအားလုံးနဲ့ပတ်သက်တဲ့ပြဿ နာဖြစ်တာကြောင့် ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုက် တာပဲဖြစ်တယ်လို့လည်း ၄င်းကဆိုပါတယ်။


ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအ လွဲသုံးမှု နဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို မန္တလေး ရန်ကုန် နဲ့ တောင်ကြီးတို့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပြီး မန္တလေးမြို့ရဲ့အခမ်းအနားက သတ္တမအကြိမ်မြောက်အ ဖြစ် နေပြည်တော် မန္တလေး စစ်ကိုင်း မကွေး ကချင် ချင်း စတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအပါအ၀င် ဓာတုပစ္စည်း ၃၁ မျိုး စုစုပေါင်း ကာလတန်ဖိုးကျပ်သန်း ၃၁၉၆၀ ဒသမ ၅ ခန့် မီးရှို့ဖျက်ဆီး ခဲ့တဲ့ အခမ်းအနားတစ်ခုလည်းဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးမှာ ၂၀၁၆ ခုနှစ်အခမ်းအနားတုန်း က ကျပ်သန်းငါးထောင့် ငါးရာခန့်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပြီး ဒီနှစ်မှာတော့ ကျပ်သန်းသုံးထောင့်နှစ်ရာခန့် ဖျက်ဆီးနိုင် ခဲ့ တာကြောင့် ဖမ်းဆီးရမိမှု ပိုလာတယ်လို့သိရပါတယ်။“လူသားအားလုံးရဲ့ဘ၀ပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ပြီး ကျန်းမာပျော်ရွှင်တဲ့လူ့အဖွဲ့အစည်း ဖြစ်လာစေဖို့ ပြည်သူလူထုတစ်ရပ်လုံးက လက်တွဲညီညီ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ကိုလည်း ဒီနေရာကနေတိုက်တွန်းလိုပါတယ်” လို့လည်း ၀န်ကြီးချုပ်ကပြောပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*