နေပြည်တော်အတွင်းရှိ လိုင်စင်မဲ့ကားများကို ပိတ်ဆို့တားဆီး ခြင်းများဖြင့် ရှာဖွေစစ်ဆေးနေ

နေပြည်တော်အတွင်းရှိ လိုင်စင်မဲ့ကားများကို ပိတ်ဆို့တားဆီး ခြင်းများဖြင့် ရှာဖွေစစ်ဆေးနေ
June 25, 2017 Asian Fame

5:40 pm
နေပြည်တော်အတွင်းရှိ လိုင်စင်မဲ့ကားများကို ပိတ်ဆို့တားဆီး ခြင်းများဖြင့် ရှာဖွေစစ်ဆေးနေ

19466327_1473251612737116_4374873013875658679_o

နပြည်တော် ဇွန် (၂၅)

တရားမဝင်လိုင်စင်မဲ့မော်တော်ယာဉ်များကို တစ်နိုင်ငံလုံးအနှံ့ စီမံချက်များဖြင့် စစ်ဆေးအရေးယူလျှက်ရှိရာ နေပြည်တော်အတွင်းရှိ လိုင်စင်မဲ့ယာဉ်များကိုလည်းပိတ်ဆို့တားဆီးခြင်းများဖြင့် ရှာဖွေစစ်ဆေးနေကြောင်းသိရသည်။

နေပြည်တော် အတွင်းလိုင်စင်မဲ့ယာဉ်များကို ရှာဖွေစစ်ဆေးရာတွင် ရက်အကန့်အသတ်ဖြင့်သတ်မှတ်ချက်ထား၍ လုပ်ဆောင်ခြင်းမဟုတ်ဘဲ ဆက်တိုက်စစ်ဆေးမှုများပြုလုပ်သွားမည်ဟု ယာဉ်ထိန်းတပ်ဖွဲ့မှုးရုံးမှသိရသည်။စစ်ဆေးမှုများဆောင်ရွက်ရာတွင် ယာဉ်ထိန်းတပ်ဖွဲ့အပြင် နယ်မြေခံရဲတပ်ဖွဲ့၊အုပ်ချုပ်ရေးအဖွဲ့များ၊ကညနနှင့်သက်ဆိုင်ရာပူးပေါင်းအဖွဲ့စုံဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။

လိုင်စင်မဲ့ယာဉ်များကိုအသုံးပြုသူများအနေဖြင့်နံပတ်ပြားအတုများတပ်ဆင်မောင်နှင်နေကြပြီးယာဉ်မတော်တဆမှုဖြစ်ပါကထွက်ပြေးတိမ်းရှောင်ခြင်း၊လိုင်စင်မဲ့ယာဉ်ဖြင့်တရားမဝင်မူးယစ်ဆေးများဖြန့်ဖြူးရောင်းချခြင်းတို့ ပြုလုပ်နေသည့်အတွက် အဖွဲ့စုံဖြင့်စစ်ဆေးခြင်းဖြစ်ကြောင်းသိရသည်။

ရှာဖွေစစ်ဆေးမှုများကို တစ်နေရာထဲတွင်အထိုင် စစ်ဆေးခြင်းမျိုးမဟုတ်ဘဲနေပြည်တော်အနှံ့ရွေ့လျား(မိုဘိုင်းတင်းမ်း)ပုံစံဖြင့် စစ်ဆေးနေကြခြင်းဖြစ်သည်။လိုင်စင်မဲ့မော်တော်ယာဉ်များအဓိကဝင်ရောက်ရာဒေသဖြစ်သည့် ကရင်ပြည်နယ် အတွင်းတွင်လဲလွန်ခဲ့သောရက်အနည်းငယ်က လိုင်စင်မဲ့မော်တော်ယာဉ်များကို မည်သည့်အဖွဲ့အစည်းများမှအသုံးပြုခွင့်မရှိကြောင်းနှင့်စစ်ဆေးတွေ့ရှိပါကထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရမှတရားဝင်စာထွက်ကြေငြာထားပြီးဖြစ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*