သတ်မယ်လို့ကြိမ်းပြီး လမ်းမပေါ်မှာ အမှန်တကယ်ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ တဲ့ မန္တလေး က လူသတ်မှု

သတ်မယ်လို့ကြိမ်းပြီး လမ်းမပေါ်မှာ အမှန်တကယ်ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ တဲ့ မန္တလေး က လူသတ်မှု
June 25, 2017 Asian Fame

10:48 am
သတ်မယ်လို့ကြိမ်းပြီး လမ်းမပေါ်မှာ အမှန်တကယ်ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ တဲ့ မန္တလေး က လူသတ်မှု

19260393_1473112056084405_8580383357205028367_n

မန္တလေး၊ဇွန်၂၅

၃ နှစ်ခန့်ကွဲကွာနေတဲ့ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား ၅ ရက်အတွင်းသတ်မယ်လို့ကြိမ်းမောင်းပြောဆိုခဲ့ပြီး အမှန်တကယ်ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ တဲ့ လူသတ်မှုဖြစ်စဉ်တစ်ခု မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာ ဇွန် ၂၄ ရက် နေ့ညနေပိုင်းကဖြစ်ပွားခဲ့တယ်လို့ ပြည်ကြီးတံခွန်မြို့မရဲစခန်းဆီက သိရပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် တမာတန်းအနီးမှာ ထိုနေ့ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး တရားလိုဖြစ်သူ မ၀င်းဝင်းနွယ်(ခ)မနွယ် နေအိမ်မှာရှိနေခိုက် ၄င်းရဲ့ညီမဖြစ်သူမစုစုကြည်ဟာ အခင်းဖြစ်နေရာမှာ အသတ်ခံရလို့သေသွားပြီဖြစ်ကြောင်း အလုပ်သွား ရောက်လုပ်ကိုင်နေတဲ့ ၄င်းရဲ့ခင်ပွန်းဖြစ်သူကိုမိုးဝင်းကဖုန်းဆက်ပြောတာကြောင့် ကူညီသူတစ်ဦးနဲ့အတူ ဆိုင်ကယ်နဲ့သွားရောက်ကြည့်ရှုရာမှာ မစုစုကြည်ဟာ လမ်းပေါ်မှာလဲကျသေဆုံးနေတာကိုတွေ့ရကြောင်း၊ ဖြစ်စဉ်အပေါ် အရေးယူပေးဖို့တိုင်ကြားခဲ့တာဖြစ်ကြောင်း၊ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းက သေမှုသေခင်းနဲ့အမှုဖွင့်ထားသလို တရားခံလို့ယူဆရသူအား ဖမ်းဆီးရမိနိုင်ဖို့ဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။
အသတ်ခံရသူမစုစုကြည်(အသက် ၂၉ နှစ်၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်၊ တောင်ဥယျာဉ်ရပ်၊ အထည်ရောင်း)မှာ ၀ဲနှုတ်ခမ်းအောက်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ၀ဲပါးထိုးသွင်းဒဏ်ရာ ၁ ချက်၊ လည်ပင်းတည့်တည့်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက်၊ ၀ဲပုခုံးထိုးသွင်းဒဏ်ရာ ၁ ချက်၊ ၀ဲလက်မောင်းထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာလက်ခုံလက်မနဲ့ လက်ညှိုးကြား ပြတ်ရှိဒဏ်ရာ ၂ ချက်၊ ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ ၂ ချက်တို့နဲ့သေဆုံးခဲ့တာဖြစ်ပြီး တရားလိုရဲ့ပြောပြချက်အရ ပြီးခဲ့တဲ့ဇွန် ၁၆ ရက် ည ၈ နာရီခွဲအချိန်ခန့်က မစုစုကြည်နဲ့ လွန်ခဲ့တဲ့သုံးနှစ်ခန့်ကတည်းကကွဲကွာနေတဲ့ခင်ပွန်းဖြစ်သူဝင်းမြင့်အောင်ရောက်လာပြီး နင့်ကို ၅ ရက်အတွင်း သတ်မယ်လို့ ပြောဆိုသွားခဲ့တာကြောင့် မစုစုကြည်အားသတ်သွားသူမှာ ၀င်းမြင့်အောင်ဖြစ်နိုင်တဲ့အတွက် ၀င်းမြင့်အောင်အပေါ်အရေးယူပေးဖို့ တိုင်တန်းခဲ့တာလည်း ဖြစ်ကြောင်း ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။
မစုစုကြည်မှာ ၄င်းရဲခင်ပွန်းဖြစ်သူနဲ့လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကစပြီး တရားဝင်ကွာရှင်းမှုမရှိ အတူပေါင်းသင်းနေထိုင်တာလည်းမရှိကြောင်း၊ ခင်ပွန်းဖြစ်သူမှာ ကောင်းမွန်စွာလုပ်ကိုင်ကျွေးမွေးခြင်းမရှိဘဲ ဇနီးဖြစ်သူအား မကြာခဏနှိပ်စက်တဲ့အတွက်လည်း မပေါင်းသင်းဘဲနေထိုင်ခဲ့တာဖြစ်ကြောင်းလည်း တရား လိုမ၀င်းဝင်းနွယ်(ခ)မနွယ်ကဆိုထားပါတယ်။
ဒီအမှုအပေါ် ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူးရဲမှူးဝင်းနိုင်ရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ အမှုစစ်ဒုရဲမှူးသိန်းလွင်က အခင်းဖြစ်ရပ်အားသက်သေတွေနဲ့ အတူသွားရောက်စစ်ဆေးခဲ့ရာ တရားခံလို့ယူဆရသူမှာ ကျောက်ဆည်မြို့နယ် ဆူးကုန်းရွာဇာတိဖြစ်ပြီး တံတားဦးမြို့နယ် ကျောက်ဖူးရွာမှာနေထိုင်တယ် လို့စုံစမ်းသိရတာကြောင့် တိုင်းမှုခင်းအကူဌာနစိတ်မှရဲအုပ်အောင်နိုင်ဦးနဲ့အဖွဲ့၊ ခရိုင်မှုခင်းနှိမ်နှင်းရေးအဖွဲ့မှရဲအုပ်အောင်ကိုဝင်းနဲ့အဖွဲ့၊ နယ်ထိန်းခေါင်း ဆောင်ဒုရဲအုပ်ဝင်းညွန့်အောင်နဲ့အဖွဲ့၊ ကျောက်ဆည်ခရိုင်မှုခင်းနှိမ်နှင်းရေးအဖွဲ့မှဒုရဲအုပ်ဝင်းမျိုးနဲ့အဖွဲ့တို့နဲ့အတူ သွားရောက်ဖမ်းဆီးတာမှာ တရားခံလို့ ယူဆရသူမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ဖမ်းဆီးရမိနိုင်ဖို့ဆောင်ရွက်နေကြောင်း၊ ဒီအမှုနဲ့ပတ်သက်ပြီး ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းက (ပ)၅၀၅/၂၀၁၇၊ အမှုကြီးအမှတ်စဉ်(၆/၂၀၁၇)၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

News by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*