မန္တလေးမှာလဲ သူရဦးအောင်ကို ကိုဆန္ဒပြကြ၊တစ်ပတ်အတွင်းရာထူးကနေဖယ်ရှားပေးဖို့တောင်သာလေး ဆရာတော်ဥူးအဂ္ဂဓဇ အစိုးရကို ဖိအားပေး

မန္တလေးမှာလဲ သူရဦးအောင်ကို ကိုဆန္ဒပြကြ၊တစ်ပတ်အတွင်းရာထူးကနေဖယ်ရှားပေးဖို့တောင်သာလေး ဆရာတော်ဥူးအဂ္ဂဓဇ အစိုးရကို ဖိအားပေး
June 25, 2017 Asian Fame

4:08 pm
မန္တလေးမှာလဲ သူရဦးအောင်ကို ကိုဆန္ဒပြကြ၊တစ်ပတ်အတွင်းရာထူးကနေဖယ်ရှားပေးဖို့တောင်သာလေး ဆရာတော်ဥူးအဂ္ဂဓဇ အစိုးရကို ဖိအားပေး

19437208_1473402159388728_6885954211153910315_n

မန္တလေး၊ဇွန် ၂၅

တည်ဆဲအစိုးရအနေနဲ့ သာ/ယဉ်ကျေးမှုဝန်ကြီးသူရဦးအောင်ကိုအား တစ်ပတ်အတွင်းရာထူးကနေဖယ်ရှားပေးဖို့လုပ်ဆောင်ပေးရမှာဖြစ်ပြီး တောင်းဆိုတာတွေမလိုက်လျောရင် ဒီထပ်ကြီးမားတဲ့လှုပ်ရှားမှုတွေဆက်လုပ်သွားမှာဖြစ်တယ်လို့ မန္တလေးမြို့မှာဒီနေ့မနက်ပိုင်းပြုလုပ်တဲ့ သာသနာရေး နဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီးသူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲအခမ်းအနားမှတစ်ဆင့် ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ တောင်သာလေး ဆရာတော်ဥူးအဂ္ဂဓဇက မိန့်သွားပါတယ်။


“ပြည်သူ့အစိုးရလို့တက်လာခဲ့တဲ့အစိုးရအနေနဲ့ ပြည်သူနဲ့တစ်သားထဲပါလို့သက်သေပြတဲ့အနေနဲ့ သာသနာရေးဝန်ကြီးသူရဦးအောင်ကိုကို တစ်ပတ် အတွင်းရာထူးကနေဖြုတ်ချပေးဖို့ဒီကနေ့တောင်းဆိုလိုက်တာပါ၊ သူရဦးအောင်ကိုဟာ သာသနာရေးဝန်ကြီးနေရာနဲ့မထိုက်တန်ဘူး၊ အရင်ကလည်း ဖယ်ရှာပေးဖို့တောင်းဆိုခဲ့တယ်၊ ဒါပေမယ့် ရာထူးကနေမထုတ်ပယ်ခဲ့ဘူး၊ ဒါကြောင့်မို့လို့ဒီနေ့ပြည်သူတွေစုပေါင်းပြီးထပ်တောင်းဆိုတာပါ” လို့ ဆရာ တော်ကမိန့်ပါတယ်။


သာသနာရေးဝန်ကြီးဖြစ်ပြီး ၀ိနိစ္ဆယရေးရာတွေမှာဝင်ရောက်စွက်ဖက်နေတာဟာ ဥပဒေနဲ့မညီညွတ်ဘူးလို့လည်း ကန့်ကွက်ရှုတ်ချပွဲတက်ရောက်ကြွ ရောက်လာသူတွေကဆိုကြပြီး ၄င်းတို့အနေနဲ့ သာသနာရေးဝန်ကြီးသူရဦးအောင်ကိုအားအလိုမရှိဘူးဆိုတာကို အများပြည်သူသိရအောင်ရယ် အစိုးရ သိရအောင်ရယ် အခုလိုကန့်ကွက်ရှုတ်ချပွဲတွေလုပ်နေရတာဖြစ်တယ်လို့လည်းသိရပါတယ်။


တရားစီရင်ရေးကိုဝင်စွက်ဖက်သည့်ဝန်ကြီးအလိုမရှိ၊ သံဃာတော်များကိုနှိပ်ကွပ်သည့်ဝန်ကြီးအလိုမရှိ၊ ဗုဒ္ဓဘာသာအားစော်ကားသည့်မီဒီယာအားပေး ၀န်ကြီးအလိုမရှိ၊ သံဃာ့ဝိနည်းနားမလည်ဘဲစွပ်စွဲသူ သာသနာ့ရန်သူ/ဒို့ရန်သူ အစရှိတဲ့ဗီနိုင်းပိုစတာတွေကိုင်ဆောင်ထားသူတွေဟာ သာသနာရေးဝန် ကြီးရာထူးမှနှုတ်ထွက်ပေးဖို့ကြွေးကြော်လည်းတောင်းဆိုခဲ့ကြတာမှာ အင်အားနှစ်ရာကျော်ရှိတယ်လို့သိရပြီး အများစုကတော့ ရဟန်းသံဃာတော်နဲ့သီ လရှင်တွေဖြစ်ကြပါတယ်။


၎င်းတို့အနေနဲ့ ၀န်ကြီးဖြုတ်ချပေးဖို့ မေ ၂၀ ရက်က တောင်းဆိုခဲ့ကြကြောင်း၊ တောင်းဆိုချက် ၇ ချက်အား တစ်လအတွင်းလိုက်လျောပေးရမှာဖြစ် ကြောင်းတောင်းဆိုခဲ့ကြပေမယ့်လည်း တည်ဆဲအစိုးရက တောင်းဆိုချက်တွေကိုလစ်လျူရှုခဲ့တယ်လို့လည်း ဦးဆောင်ဆရာတော်တွေကမိန့်ပါတယ်။
“တစ်ပတ်အတွင်းဖြုတ်ချပေးဖို့ဒီနေရာကနေ တောင်းဆိုလိုက်တယ်၊ ဘာမှတုန့်ပြန်မလာဘူးဆိုရင်တော့ ဒီထက်စည်ကားတဲ့လှုပ်ရှားမှုတွေနဲ့ဆက်လုပ် သွားမှာပါ၊ နောက်ထပ်လုပ်မယ့်အခမ်းအနားတွေကိုတော့ အစိုးရဆီခွင့်တင်ပြီးလုပ်သွားမှာမဟုတ်ဘူး” လို့ ဆရာတော်ဥူးအဂ္ဂဓဇကမိန့်ပါတယ်။
ဒီနေ့အခမ်းအနားကို မန္တလေးမြို့ ၆၂ လမ်း မနော်ရမ္မံပြည်သူ့ဟစ်တိုင်ကွင်းမှာပြုလုပ်ခဲ့ကြတာပဲဖြစ်ပြီး တရားဝင်ခွင့်ပြုချက်နဲ့ပြုလုပ်ကြတာဖြစ်တယ်လို့ လည်း အခမ်းအနားစီစဉ်သူဆီကသိရပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*