ကမ္ဘာသိ မြန်မာ့စီးပွားရေး ပညာရှင်ကြီး ဒေါက်တာ လှမြင့်ကို အောက်မေ့ သတိရ ဂုဏ်ပြု အခမ်းအနား ပြုလုပ်

ကမ္ဘာသိ မြန်မာ့စီးပွားရေး ပညာရှင်ကြီး ဒေါက်တာ လှမြင့်ကို အောက်မေ့ သတိရ ဂုဏ်ပြု အခမ်းအနား ပြုလုပ်
June 23, 2017 Asian Fame

4:05 pm
ကမ္ဘာသိ မြန်မာ့စီးပွားရေး ပညာရှင်ကြီး ဒေါက်တာ လှမြင့်ကို အောက်မေ့ သတိရ ဂုဏ်ပြု အခမ်းအနား ပြုလုပ်

1(ရန်‌ကုန်‌၊ ဇွန်‌ ၂၃)

ရန်‌ကုန်‌ တက္ကသိုလ်‌ ပါ‌မောက္ခချုပ်‌(ငြိမ်း) ဆရာကြီး ‌ဒေါက်‌တာ လှမြင့်‌၏ ‌အောက်‌‌မေ့သတိရ ဂုဏ်‌ပြု အခမ်းအနား အား ရန်‌ကုန်‌ တက္ကသိုလ်‌ စိန်‌ရတုခန်းမတွင်‌ ပြုလုပ်‌ခဲ့သည်‌။

ယင်းအခမ်းအနားတွင်‌ ရန်‌ကုန်‌တက္ကသိုလ်‌ ပါ‌မောက္ခချုပ်‌‌ ဒေါက်‌တာ ဖိုး‌ကောင်းမှ နှုတ်‌ခွန်းဆက်‌‌ ပြောကြားခဲ့ပြီး ပညာ‌ရေး ဝန်‌ကြီးဌာန ၊ပြည်‌‌ထောင်‌စု ဝန်‌ကြီး ‌ဒေါက်‌တာ မျိုးသိန်းကြီးမှ မိန့်‌ခွန်း‌ပြောကြားခဲ့သည်‌။

ဒေါက်တာ လှမြင့်သည် ၁၄ နှစ်သား အရွယ်ကပင် တက္ကသိုလ်ဝင် စာမေးပွဲကို ‌အောင်‌မြင်‌ခဲ့ပြီး ၁၉၃၉ ခုနှစ်‌တွင်‌ ရန်‌ကုန်‌ တက္ကသိုလ်‌ မှ ‌ဘောဂ‌ဗေဒ အထူးပြုဖြင့်‌ B.A(Honours)ဘွဲ့ရရှိခဲ့သည်‌။

၁၉၃၉ ခုနှစ်‌တွင်‌ အစိုးရပညာသင်‌ဆု ရရှိကာ လန်‌ဒန်‌ စီးပွား‌ရေး တက္ကသိုလ်‌သို့ တက်‌‌ရောက်‌ခဲ့ပြီး ‌ဘောဂ‌ဗေဒ အထူးပြုဖြင့်‌ ပါရဂူဘွဲ့ကို ရရှိ ခဲ့သည်‌။

ဆရာကြီးသည်‌ ၁၉၄၇မှ ၁၉၅၀ခုနှစ်‌အထိ ရန်‌ကုန်‌ တက္ကသိုလ်‌တွင်‌ ‌ဘောဂ‌ဗေဒဘာသာရပ် ပါ‌မောက္ခအဖြစ်‌၎င်း၊ ၁၉၅၀မှ ၁၉၅၈ခုနှစ်‌ အထိ အင်္ဂလန်‌နိုင်‌ငံ ‌အောက်‌စဖို့ဒ်‌ တက္ကသိုလ်‌တွင်‌ ‌ဘောဂ‌ဗေဒ ဘာသာရပ်‌ ကထိက အဖြစ်‌ ၎င်း၊ ၁၉၆၅မှ ၁၉၈၅ခုနှစ်‌ အထိ လန်‌ဒန်‌ စီးပွား‌ရေး တက္ကသိုလ်‌တွင်‌ ‌ဂုဏ်‌ထူး‌ဆောင်‌ ဘောဂ‌ဗေဒ ပါ‌မောက္ခ အဖြစ်၎င်း၊ ၁၉၈၆မှ ၁၉၉၀ပြည့်‌နှစ်‌ အထိ ကမ္ဘာ့ဘဏ်‌တွင်‌ အတိုင်‌ပင်‌ခံ အဖြစ်‌ တာဝန်‌ထမ်း‌ဆောင်‌ခဲ့သည်‌။

19396835_796388257192569_7198381296836703570_n

ကမ္ဘာတွင်‌‌ ကျော်‌ကြားခဲ့သည့်‌ မြန်‌မာနိုင်‌ငံသား ပါ‌မောက္ခ‌ ဒေါက်‌တာ လှမြင့်‌သည်‌ ထိုင်းနိုင်‌ငံ၊ ဘန်‌‌ကောက်‌မြို့တွင်‌ ၂၀၁၇ ခုနှစ်‌ မတ်‌လ ၁၀ ရက်‌‌နေ့ က ‌ကွယ်‌လွန်‌ခဲ့သည်‌။

ဆရာကြီးကို‌ လေးစား‌သော အားဖြင့်‌ ရန်‌ကုန်‌ တက္ကသိုလ်‌က ၎င်း၏ တပည့်‌များ ၊‌လေးစားချစ်‌ခင်‌ သူများက ‌အောက်‌‌မေ့ဖွယ် အခမ်းအနား ကို ပြုလုပ်‌‌ခြင်းဖြစ်‌‌ကြောင်း အငြိမ်းစား သံအမတ်‌ကြီး‌ ဒေါက်‌တာလှ‌မောင်‌ (‌ဘောဂ)က‌ပြောသည်‌။

“စီးပွား‌ရေး ပညာရှင်‌များ အားလုံး စုံညီ ‌သ‌ဘောတူညီထားတဲ့ စီးပွား‌ရေး နည်းဗျူဟာ‌တွေက ဆရာကြီး လမ်းညွှန်‌ထားတာ‌တွေ နဲ့ တိုက်‌ဆိုင်‌‌နေတယ်‌။ ဆရာကြီး‌ရေးသားပြုစုတဲ့ စာအုပ်‌‌စာ‌တမ်း‌တွေ၊စီးပွား‌ရေးစာတမ်း‌တွေဟာ ကမ္ဘာ့အလယ်‌မှာ မည်‌မျှ အ‌‌ရေးပါ အရာ‌ရောက်‌လဲ ဆိုတာ သတိပြုမိတဲ့ အထိပါပဲ။”ဟု အငြိမ်းစား သံအမတ်‌ကြီး‌ဒေါက်‌တာလှ‌မောင်‌(‌ဘောဂ)က‌ပြောသည်‌။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*