NLD အစိုးရက တယ်လီဖုန်းအသုံးပြုခြင်းကနေ ကောက်ခံရရှိတဲ့ ငွေကျပ် ၇ဒသမ၄၅၅ဘီလီယံ ကို ပညာရေးအသုံးစရိတ်အဖြစ် ခွဲဝေပေးခဲ့

NLD အစိုးရက တယ်လီဖုန်းအသုံးပြုခြင်းကနေ ကောက်ခံရရှိတဲ့ ငွေကျပ် ၇ဒသမ၄၅၅ဘီလီယံ ကို ပညာရေးအသုံးစရိတ်အဖြစ် ခွဲဝေပေးခဲ့
June 22, 2017 Asian Fame

4:20 pm
NLD အစိုးရက တယ်လီဖုန်းအသုံးပြုခြင်းကနေ ကောက်ခံရရှိတဲ့ ငွေကျပ် ၇ဒသမ၄၅၅ဘီလီယံ ကို ပညာရေးအသုံးစရိတ်အဖြစ် ခွဲဝေပေးခဲ့

phone

နေပြည်တော်၊

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မှာ ပြည်သူများ တယ်လီဖုန်းအသုံးပြုခြင်းက ကောက်ခံရရှိတဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅ရာခိုင်နှုန်း ကို နိုင်ငံတော်ရဲ့ပညာရေးကဏ္ဍဖွံဖြိုးတိုးတက်စေရေးလုပ်ငန်းတွေမှာ သုံးစွဲနိုင်ရေးအတွက် ငွေကျပ် ၇ဒသမ၄၅၅ဘီလီယံ ကို ပညာရေးဝန်ကြီးဌာန ရဲ့ပညာရေးအသုံးစရိတ်အဖြစ် ခွဲဝေပေးခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

အဲဒီငွေထဲကမှ ၄ဒသမ၅၇ ဘီလီယံ ကို ပညာရေးဝန်ကြီးဌာနကရန်ကုန်ပညာရေးတက္ကသိုလ်၊စစ်ကိုင်းပညာရေး တက္ကသိုလ် မှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသား/သူ တွေရဲ့စားသောက်စရိတ် နဲ့ ရန်ကုန်အဝေးသင်တက္ကသိုလ်၊မန္တလေးအဝေးသင်တက္ကသိုလ် က ကျောင်းသုံးပုံနှိပ်စာအုပ် ရိုက်နှိပ်ရေး တွေမှာ အသုံးပြုခဲ့တယ်လို့ ဒုဝန်ကြီးက ရှင်းပြပါတယ်။ပြီးတော့ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာ ကျောင်း ၆၀ အတွက် ၀ဒသမ၅၁ဘီလီယံ၊ပညာရေးသုတေသနနဲ့ သင်ရိုးညွှန်တမ်းတွေ ရေးဆွဲဖို့အတွက်က ၀ဒသမ၀၅ဘီလီယံ၊အစိုးရနည်းပညာကျောင်းတွေ လက်တွေ့လုပ်ဆောင်နိုင်ဖို့အတွက်က ၀ဒသမ၃၇ဘီလီယံ၊ဝေးလံခက်ခဲသည့် စသဖြင့် အသုံးပြုခဲ့သေးတယ်လို့ ဦးမောင်မောင်ဝင်းက ဆက်ရှင်းပြပါတယ်။

ဒါ့အပြင် ထူးချွန်တဲ့ တက္ကသိုလ် ကျောင်းသားတွေကို တစ်လ တစ်သိန်း ထောက်ပံတာတွေ၊ဆင်းရဲတဲ့ ကျောင်းသားတွေကို တစ်လ ၃၀၀၀ ထောက်ပံ့တာတွေ လည်း လုပ်ခဲ့တယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးပြောဆိုခဲ့ပါတယ်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*