နေ့စဉ်စားသောက်နေသည့် အစားအသောက် ၅ မျိုးတွင် ၁ မျိုးမှာ စားသုံးရန်မသင့်သည့် အခြေအနေရှိနေ

နေ့စဉ်စားသောက်နေသည့် အစားအသောက် ၅ မျိုးတွင် ၁ မျိုးမှာ စားသုံးရန်မသင့်သည့် အခြေအနေရှိနေ
June 22, 2017 Asian Fame

5:41 pm
နေ့စဉ်စားသောက်နေသည့် အစားအသောက် ၅ မျိုးတွင် ၁ မျိုးမှာ စားသုံးရန်မသင့်သည့် အခြေအနေရှိနေ

193

နေပြည်တော်၊ ဇွန် ၂၂

အောင်ပြည့်စုံ

နေ့စဉ်စားသောက်နေသည့် အစားအသောက် (၅) မျိုးတွင် (၁) မျိုးသည် စားသုံးရန်မသင့်သည့် အခြေအနေရှိနေကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) မှသိရသည်။

“အိမ်ရှင်မတစ်ယောက်ရဲ့ဈေးခြင်းထဲမှာစားသောက်ကုန်(၅)မျိုးပါရင်(၁)မျိုးကစားသုံးရန်မသင့်ဘူး၊(၁၀)မျိုးပါရင်(၂)မျိုးလောက်က စားဖို့မသင့်ဘူးဒီလိုဆိုလိုချင်တာပါ။ ဒါကရမ်းပြောတာမဟုတ်ပါဘူး။ စစ်ဆေးထားတဲ့ရလဒ်တွေအရနားလည်လွယ်အောင်ပြောပြခြင်းပါ။”ဟု နေပြည်တော်စည်ပင်ဈေးများဌာနမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

FDA သည်နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံးတွင်စစ်ဆေးမှုများပြုလုပ်နေပြီးလက်ရှိရလဒ်များအရ နေ့စဉ်စားသုံးနေကြသည့်စားသောက်ကုန်များတွင် ငါးပုံတစ်ပုံခန့်သည့်စားသုံးရန်မသင့်သည့်အခြေအနေဖြစ်နေသည့်အတွက် ကျန်းမာရေးနှင့်ညီညွှတ်သောစားသောက်ကုန်များပိုမိုသုံးစွဲနိုင်ရန် အရှိန်မြှင့်စစ်ဆေးအရေးယူမှုများပြုလုပ်ရန်စီစဉ်နေခြင်းဖြစ်သည်။

“အရင်ကဆို ဈေးတွေသွားရင်ကျနော်တို့ FDA ယူနီဖေါင်းမြင်တာနဲ့ဈေးသည်တွေကသိမ်းထားဖွက်ထားပြီးကျနော်တို့ပြန်တာနဲ့ပြန်ရောင်းတာ၊အခုအဲလိုမလုပ်နိုင်အောင်ဈေးဆိုင်ရှေ့ဥပမာ ငပိကိုစစ်မယ်ဆိုရင်အဲ့ငပိဒိုင်ရှေ့ကားရပ်ချက်ခြင်းစစ်ချက်ခြင်းသိမ်းဆည်းတာမျိုးတွေလုပ်မှာပါ၊ဈေးများဌာနကဈေးတာဝန်ခံတွေဆီလဲစာပို့တာထက်ဖုန်းတို့ဖက်(စ်)တို့နဲ့မြန်မြန်အသိပေးမြန်မြန်စစ်ဆေးဖို့ညှိနှိုင်းနေပါတယ်”ဟု FDA(နေပြည်တော်)မှဒုတိယညွှန်ကြားရေးမှူးဒါက်တာထွန်းလင်းအောင်ကဆိုသည်။

ပြည်သူလူထုနေ့စဉ်အများဆုံးအသုံးပြုနေသည့်စားသောက်ကုန်များကိုဦးစားပေးစစ်ဆေးနေပြီးတွေ့ရှိပါက သိမ်းဆည်းမှုများပြုလုပ်နေသည်။ဆေးဝါးများကိုလည်းသတ်မှတ်ထားသည့်အတိုင်းသာရောင်းချရန်ညွှန်ကြားထားပြီးစပ်ဆေးနှင့်တရားမဝင်တားမြစ်ဆေးများရောင်းချပါက ပညာပေးခံဝန်ကတိများရေးထိုးစေတော့မည်မဟုတ်ဘဲ အမျိုးသားအစားအသောက်ဥပဒေဖြင့်ထိရောက်စွာအရေးယူသွားမည်ဟုသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*