မန္တလေးတိုင်းမှာသဘာဝဘေးကျရောက်လို့ အဆောက်အဦးအတွင်းပိတ်မိတဲ့အခါ အဆင့်မြင့်နည်းပညာနဲ့ကယ်ဆယ်ပေးမယ်လို့ တိုင်း မီးသတ်ညွှန်မှူးပြော

မန္တလေးတိုင်းမှာသဘာဝဘေးကျရောက်လို့ အဆောက်အဦးအတွင်းပိတ်မိတဲ့အခါ အဆင့်မြင့်နည်းပညာနဲ့ကယ်ဆယ်ပေးမယ်လို့ တိုင်း မီးသတ်ညွှန်မှူးပြော
June 22, 2017 Asian Fame

6:42 pm
မန္တလေးတိုင်းမှာသဘာဝဘေးကျရောက်လို့ အဆောက်အဦးအတွင်းပိတ်မိတဲ့အခါ အဆင့်မြင့်နည်းပညာနဲ့ကယ်ဆယ်ပေးမယ်လို့ တိုင်း မီးသတ်ညွှန်မှူးပြော

1

မန္တလေး၊ဇွန်၂၂

မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးကျရောက်လို့ အဆောက်အဦးအတွင်းပိတ်မိနေသူတွေကို အဆင့်မြင့်နည်းပညာသုံးစက်ကိရိယာနဲ့ ကယ်ဆယ်ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်တယ်လို့ မန္တ လေး ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှာ ဒီနေ့မွန်းလွဲ ၄ နာရီကပြုလုပ်တဲ့ ရှာဖွေကယ်ဆယ်ရေးသရုပ်ပြအခမ်းအနားအပြီးမှာ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူးဦးသန်းဇော်ဦးက ပေါ်ပြူလာနယူစ်းကိုပြောပါတယ်။

“အဆောက်အဦအတွင်းပိတ်မိနေသူတွေကို ဒီကိရိယာနဲ့ ရှာလို့ရတယ်၊ ဘယ်နေရာမှာ လူရှိနေတယ် ပိတ်မိနေတယ်ဆိုတာကို ဒီကိရိယာကသိတယ်၊ အသက် ရှင်သေးလား ဘယ်အခြေအနေလည်းဆိုတာကအစ သိရ တော့ ကယ်ဆယ်ရေးဆောင်ရွက်ရာမှာ အထောက်အကူ အများကြီးရှိတာပေါ့” လို့ ၄င်းကဆိုပါတယ်။

Leader Hasty Casuality Search လို့အမည်ရတဲ့ အဲဒီ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးစက်ကိရိယာကို ဒီနေ့ပဲ တိုင်းဒေသကြီးအစိုးရက တိုင်းဒေသကြီးမီးသတ်ဦးစီး ဌာနဆီ ပေးပို့ခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ဒေသတစ်ခုလုံးအတွက် တစ်လုံးထဲနဲ့ လှည့်ပတ်ဆောင် ရွက်သွားရမှာဖြစ်တယ်လို့သိရပါတယ်။“တိုင်းအစိုးရကပေးတာပါ၊ ဒါကို ဗဟိုမှာပဲထားထားပြီး အရေးပေါ်ကယ်ဆယ်ရေးတွေမှာသုံးမှာပါ” လို့လည်း ညွှန်ကြားရေးမှူးဦးသန်းဇော်ဦးကပြောပါတယ်။ပြင်သစ်နိုင်ငံလုပ် အဆင့်မြင့်စက်ကိရိယာပစ္စည်းပဲ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း ၂၅၀ ခန့်ရှိတယ်လို့လည်းသိရပါ တယ်။

Photos & News by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*