နိုင်ငံတော်ပိုင်သိမ်းဆည်းမည့်ကားများကို ဒါဏ်ကြေးသတ်မှတ်၍ ပြန်လည်ထုတ်ယူခွင့်ပြုရန်စီစဉ်နေ

နိုင်ငံတော်ပိုင်သိမ်းဆည်းမည့်ကားများကို ဒါဏ်ကြေးသတ်မှတ်၍ ပြန်လည်ထုတ်ယူခွင့်ပြုရန်စီစဉ်နေ
June 22, 2017 Asian Fame

11:54 am
နိုင်ငံတော်ပိုင်သိမ်းဆည်းမည့်ကားများကို ဒါဏ်ကြေးသတ်မှတ်၍ ပြန်လည်ထုတ်ယူခွင့်ပြုရန်စီစဉ်နေ

car

နေပြည်တော်၊ ဇွန် ၂၂)

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောကြီးကြပ်မှု ကော်မတီ(ကြီး/ကော်)အစည်းအဝေးကို ဇွန်လ ၂၁ ရက်နေ့က နေပြည်တ်ာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင်ပြုလုပ်ခဲ့ပြီး သတ်မှတ်ချက်များနှင့်မကိုက်ညီ၍ပြစ်ဒါဏ်ကြောင့်နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းရမည့်ကားများကို ဒါဏ်ကြေးသတ်မှတ်ဖြေလျှော့ပြီး ပြန်လည်ထုတ်ပေးနိုင်ရန်စီစဉ်နေကြောင်းသိရသည်။

သတ်မှတ်ချက်များအရ ကားတင်သွင်းရာတွင် သွင်းကုန်ပါမစ်ကို တင်သွင်းလာသည့်ကားဆိပ်ကမ်းမရောက်မီ ရရှိထားရန်လိုအပ်ပြီး တင်သွင်းလာသည့်မော်တော်ယာဉ်နှင့်ပါမစ်ပါအချက်များကွဲလွဲပါကပြင်ဆင်ခွင့်ကိုလဲ ရန်ကုန်ဆိပ်ကမ်းသို့ကားမရောက်ရှိခင်အထိသာ ပြင်ဆင်ခွင့်ပြုထားခြင်းဖြစ်သည်။

သတ်မှတ်ချက်နှင့်မကိုက်ညီသောကားများကိုနိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းမည်ဟုကြိုတင်ကြေငြာထားပြီးဖြစ်သည်။ယခုအခါ ရန်ကုန်ဆိပ်ကမ်းသို့ကားရောက်ရှိနေပြီး သွင်းကုန်ပါမစ်မရှိသေးသောကားများနှင့် (Amendment) ပြင်ဆင်ခြင်းမပြီးခင်ကကြိုရောက်နေသောကားများကိုနိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းခြင်းမပြုဘဲဖြေလျှော့ပေးကာ ဒါဏ်ကြေးကောက်ခံ၍ပြန်လည်ထုတ်ပေးနိုင်ရန်စီစဉ်နေခြင်းဖြစ်သည်။

မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာကြီးကြပ်မှုကော်မတီအစည်းအဝေးတွင်ပါဝင်ခဲ့သည့် အကြီးတန်းအရာရှိတစ်ဦးက “ကားတွေကို သွင်းကုန်ပါမစ်မရှိဘဲဆိပ်ကမ်းရောက်ရင်သိမ်းခံရပါတယ်(amand)ပြင်ရင်လဲကားကဆိပ်ကမ်းမရောက်ခင်ကြိုပြင်ရမှာပါမဟုတ်ရင်သိမ်းခံရမှာပါ။အခုက အဲဒီအစားဒါဏ်ကြေးတစ်ခုသတ်မှတ်ပြီး ထုတ်ပေးဖို့ ဒီကြီး/ကော်အစည်းအဝေးမှာအတည်ပြုထားပါတယ်”ဟုဆိုသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*