ဦးဝင်းကိုကိုလတ်​တို့အမှုကို ရက်​​ပေါင်း၄၀ ​ကျော်​သည့်တိုင် ကမာရွတ်​တရားရုံးက မစစ်​​ဆေး​သေး

ဦးဝင်းကိုကိုလတ်​တို့အမှုကို ရက်​​ပေါင်း၄၀ ​ကျော်​သည့်တိုင် ကမာရွတ်​တရားရုံးက မစစ်​​ဆေး​သေး
June 22, 2017 Asian Fame

3:49 pm
ဦးဝင်းကိုကိုလတ်​တို့အမှုကို ရက်​​ပေါင်း၄၀ ​ကျော်​သည့်တိုင် ကမာရွတ်​တရားရုံးက မစစ်​​ဆေး​သေး

1_1

ရန်ကုန်၊ ဇွန် ၂၂

အမှုတွဲပါ သံဃာများမပါလို့ဆိုတဲ့အကြောင်းပြချက်နဲ့ရက်ပေါင်း ၄၀ ကျော်ကြာသည့်တိုင် တရားရုံးကမစစ်ဆေးသးခြင်းမှာ တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့်လို့ ဦးဝင်ကိုကိုလတ်ကပြောပါတယ်။

“ကျွန်တော်တို့ကိုဖမ်းချုပ်ထားတဲ့နေရာမှာ ဆရာတော်တွေမလာလို့ဆိုပြီး ဓါးစာခံတွေလို ပြန်ပေးစွဲထားသလိုလုပ်ထားတယ် တကယ်တော့အစိုးရက ဒီလူတွေက တရားဥပဒေကိုကျူးလွန်တယ်ဆိုရင် တရားစစ်ဆေးမှုကို အမြန်ဆုံးလုပ်ပေးရမှာလေ။” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာမရှိဘူးလို့ ဆန္ဒဖော်ထုတ်ခဲ့အပြီးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံရတဲ့ ဦးဝင်းကိုကိုလတ်နဲ့အပေါင်းအပါများကို ဒီကနေ့ ကမာရွတ်တရားရုံးငါးကြိမ်မြောက်ရုံးထုတ်လာခဲ့ပါတယ်။

ဒါပေမဲ့ အမှုတွဲပါ ဆရာတော်ဦးပါမောက္ခ၊ ဦးသုစိတ္တတို့ကို တရားရုံးကိုဆင့်ခေါ်ထားပေမယ့်သံဃာများမပါသေးတာကြောင့်ဆိုပြီး ရုံးချိန်းငါးချိန်းအထိ စစ်ဆေးမှုများမပြုလုပ်သေးတာလို့ သိရပါတယ်။

“ဆရာတော်သုံးပါးကလည်း ပြေးတာမဟုတ်ဘူး သူတို့ကျောင်းမှာသူတို့ရှိတယ်။ဥပဒေနဲ့ညီတယ်ဆိုရင် လာဖမ်း၊အဖမ်းခံမယ် ပြောထားပြီးသား။ မဖမ်းဘဲနဲ့ အခု ချိန်းတာချိန်းတာဆိုတာ ငါးပတ်ရှိပြီ ။ဆရာတော်တွေ ခေါ်ရင်လည်းခေါ် စစ်စရာရှိတာစစ်ပေါ့ ။ ကျွန်မဘယ်လိုလုပ်ပေးရမလဲဆိုတဲ့စကားတစ်ခွန်းကလွဲရင် ဒီတရားသူကြီးဘာမှမတတ်ဘူးလားမသိဘူး လို့ ဦးဝင်းကိုကိုလတ်ရဲ့ဇနီးကပြောပါတယ်။ ဒါ့အပြင် ဦးဝင်းကိုကိုလတ်တို့ဟာ စွပ်စွဲခံအကျဉ်းသားဘဝကတည်းက ဖိနှိပ်ခံနေရလို့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့လည်း သူမကဆိုပါတယ်။ ဦးဝင်းကိုကိုလတ်တို့အမှုကို နောက်နှစ်ပတ် ဇူလိုင်လ၆ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်တယ်လို့သိရပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ-ကောင်းစွမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*