ရန်ကုန်တိုင်းစစ်ဌာနချုပ်အနီးပြုလုပ်မည့် ၆၆ ဃ ကန့်ကွက်လက်မှတ်ကောက်ခံပွဲ ခွင့်ပြုချက်မရ

ရန်ကုန်တိုင်းစစ်ဌာနချုပ်အနီးပြုလုပ်မည့် ၆၆ ဃ ကန့်ကွက်လက်မှတ်ကောက်ခံပွဲ ခွင့်ပြုချက်မရ
June 22, 2017 Asian Fame

5:20 pm
ရန်ကုန်တိုင်းစစ်ဌာနချုပ်အနီးပြုလုပ်မည့် ၆၆ ဃ ကန့်ကွက်လက်မှတ်ကောက်ခံပွဲ ခွင့်ပြုချက်မရ

1

ရန်ကုန်၊ ဇွန် ၂၃

ရန်ကုန်တိုင်း စစ်ဌာနချုပ်အနီး ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ပုဒ်မ၆၆ ဃ ကန့်ကွက်လက်မှတ်ကောက်ခံပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ခွင့်မပြုဘူးလို့ အကြောင်းကြားလာကြောင်း မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီက(PCMJ)ကပြောပါတယ်။

“ကျွန်တော်တို့အခု နောက်ထပ်နေရာတစ်ခုမှာလုပ်ဖို့စီစဉ်နေပါတယ်။ တင်ပြစာမှာ တပ်မတော်က မီဒီယာများကိုပုဒ်မ ၆၆ ဃ နဲ့တရားစွဲဆိုမှုကိုကန့်ကွက်ပါသည်ဆိုတဲ့စာသားပါလို့ ခွင့်မပြုတာပါပဲ။ ရှင်းရှင်းပြောရရင် ဒါဟာကျွန်တော်တို့ကို ဥပဒေနဲ့ဆန့်ကျင်ပြီးလုပ်တာပါ ။” လို့မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီက(PCMJ) ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုသာလွန်ဇောင်းထက်ကပြောပါတယ်။

မရမ်းကုန်းမြို့နယ်၊ပြည်လမ်း(၈)မိုင်ဂုံးတံတားအောက်မှာသတင်းလွတ်လပ်ခွင့်ရရှိရေးအတွက် အင်အား ၁၀၀ ခန့်နဲ့ပြုလုပ်သွားဖို့ ခွင့်ပြုချက်တင်ခဲ့ရာမှာ နိုင်ငံတော်လုံခြုံရေးအရ ကန့်သတ်ဧရိယာဖြစ်ခြင်း၊ အများပြည်သူခရီးသွားလာမှုအတွက်အဓိကလမ်းကြောင်းဖြစ်ခြင်းစတဲ့အကြောင်းတွေကြောင့်ခွင့်မပြုနိုင်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားလာတာမို့ မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့ရုံးက ခွင့်မပြု တာလို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*