မန္တလေး မှာ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားဟန်ပြီး လုယက်မှုကျူးလွန်နေကြတဲ့ လူငယ်တစ်စုကို ရဲ ဖမ်းပြီ

မန္တလေး မှာ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားဟန်ပြီး လုယက်မှုကျူးလွန်နေကြတဲ့ လူငယ်တစ်စုကို ရဲ ဖမ်းပြီ
June 22, 2017 Asian Fame

11:32 am
မန္တလေး မှာ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားဟန်ပြီး လုယက်မှုကျူးလွန်နေကြတဲ့ လူငယ်တစ်စုကို ရဲ ဖမ်းပြီ

MDy

မန္တလေး၊ဇွန် ၂၂

မန္တလေးမြို့ပေါ် မှာ ဆိုင်ကယ်တွေနဲ့ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားဟန်ပြီး လုယက်မှုကျူးလွန်နေကြတဲ့ လူငယ်တစ်စုကို ရဲက ဖော်ထုတ် ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။

ဖော်ထုတ်လိုက်သူက တော့ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)မြို့မရဲစခန်း က နယ်ထိန်းခေါင်းဆောင် ရဲအုပ် ထင်လင်းကျော် နဲ့ အဖွဲ့ ဖြစ်ပြီး သူတို့အဖွဲ့ဟာ အဲဒီ့ လူငယ် ၁၁ဦး ကို ၃ရက်ကြာ (၁၇-၆-၂၀၁၇ ရက်နေ့မှ ၁၉-၆-၂၀၁၇)ပိတ်စိပ်တိုက်ရှာဖွေ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ကျူးလွန်သူတွေက သူတို့ဟာ ညဘက် ဆိုင်ကယ်စီးကြတဲ့ အခါ အုပ်စုဖွဲ့ ရန်ဖြစ် ဟန်ဆောင်ကြကာ တယ်လီဖုန်းတွေ လုယူခဲ့ကြပါတယ်လို့ ထွက်ဆိုထားကြပါတယ်။အဲဒီ့ လူငယ် ၁၁ဦးရဲ့ အသက်တွေက ၁၆၊၁၇ ပါတ်ချာလည်တွေသာ ဖြစ်ပြီး အသက်အကြီးဆုံးဆိုလို့ ၁၉နှစ် အရွယ်ရှိသူ တစ်ဦးသာ ပါပါတယ်။သူတို့ဟာ ၂၆x၆၆ လမ်းထောင့်၊ ဆီဒိုးနားဟိုတယ်အနီး ထိုင်နေတဲ့ အမည်မသိလူငယ် ၃ ဦးထံက Samsung J2 Prime အမျိုးအစား ရွှေရောင်ဖုန်း ၁ လုံး၊မနော်ဟရီလမ်း၊ ၆၀x၆၁ လမ်းကြား၊ ABC စတိုးဆိုင်ကနေ ထွက်လာတဲ့ အမည်မသိ လူငယ် ၃ ဦးထံက Vivo အမျိုးအစား အဖြူရောင် ဖုန်း ၁ လုံး၊လွန်ခဲ့သော(၁)လခန့်က ချမ်းမြသာစည် မြို့နယ်၊ Ocean Center အနီး ဆိုင်ကယ်စီးလာကြသူ ၂ ဦးကို ဆိုင်ကယ်ချင်းချိတ်မိအောင်ပြုလုပ်ပြီး တယ်လီဖုန်း ၁ လုံးလုယူခဲ့တယ်လို့ ကနဦး ထွက်ဆို ထားတယ်လို့ သိရပါတယ်။

ဖမ်းခံထားရတဲ့ အုပ်စုထဲမှာပါတဲ့ ထက်ဝေတိုး ဆိုသူက ဆိုင်ကယ်ချင်းချိတ်မိအောင်ပြုလုပ်ပြီး လုယူခဲ့တဲ့ ဖုန်းဟာ အမျိုးအစားမကောင်းတဲ့ အတွက် ရိုက်ခွဲလိုက်ထားကြောင်း လည်း သူတို့က ထွက်ဆိုထားပါတယ်။ရဲက သူတို့တွေ လုယက်မှုကျူးလွန်တဲ့ အခါ အသုံးပြုတဲ့ ဆိုင်ကယ် ၅ စီးကိုပါ သိမ်းဆည်း ထားပါတယ်။

MTA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*