နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံရေးပြစ်မှုဆိုတာတွေကို လတ်တလောမှာ အဓိပ္ပါယ်​ဖွင့်ဆိုဖို့ အစီအစဉ်​သေးဘူး လို့ ပြော

နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံရေးပြစ်မှုဆိုတာတွေကို လတ်တလောမှာ အဓိပ္ပါယ်​ဖွင့်ဆိုဖို့ အစီအစဉ်​သေးဘူး လို့ ပြော
June 21, 2017 Asian Fame

3:05 pm
နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံရေးပြစ်မှုဆိုတာတွေကို လတ်တလောမှာ အဓိပ္ပါယ်​ဖွင့်ဆိုဖို့ အစီအစဉ်​သေးဘူး လို့ ပြော

pli

နေပြည်တော် ၊ ဇွန် ၂၁

နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံရေးပြစ်မှုဆိုတာတွေကို လတ်တလောမှာ အဓိပ္ပါယ်ဖွင့်ဆိုဖို့ အစီအစဉ်မရှိဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကပြောပါတယ်။

“လောလောဆယ် အဓိပ္ပါယ်ဖွင့်ဖို့မရှိဘူး ၊ လက်ရှိအစိုးရအနေနဲ့ ကတော့ တည်ဆဲဥပဒေတွေကို ချိုးဖောက်မှုအပေါ်မှာပဲ ဆောင်ရွက်နေတာဖြစ်တယ်”လို့သူကဆိုပါတယ်။ ဇွန်လ ၂၁ရက်နေ့ကကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ ဒူဝန်ကြီးက သတင်းမီဒီယာတွေကိုအထက်ပါအတိုင်း ပြောကြားခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားဟောင်းများကတော့ လက်ရှိ အကျဉ်းထောင်အချို့မှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတယ်လို့ ပြောဆိုနေကြတာတွေ ရှိနေပါတယ်။ပြီးခဲ့တဲ့ ရက်သတ္တပါတ် တုန်းကလည်း အကျဉ်းထောင်တွေမှာ လိုအပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုခန့်ထားပေးဖို့ ရှိ/မရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းစဉ် ကျန်းမာရေး နဲ့ အားကစား ၀န်ကြီးဌာန ပြောကြားချက်ကိုကိုင်စွဲပြီး အစီအစဉ် မရှိသေးဘူး၊ အကျဉ်းဦးစီးဌာန ဘက်ကတော့ ကျမ်းမာရေးဘွဲ့ရ တွေ အဆိုပြုလာရင် ခန့်ထားပေးတာတွေ လုပ်ဆောင်ပေးသွားမယ် လို့ ပြောကြားခဲ့ တာကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ က ဝေဖန်ခဲ့ကြပါသေးတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*