ကျရှုံးသူ‌များကို အား‌ပေးပြီး ‌နောင်နှစ်‌‌အောင်‌မြင်‌‌အောင်‌ သင်‌ကြား‌ပေးသွားမည့် ခဝဲခြံမျက်‌မမြင်‌‌ကျောင်း

ကျရှုံးသူ‌များကို အား‌ပေးပြီး ‌နောင်နှစ်‌‌အောင်‌မြင်‌‌အောင်‌ သင်‌ကြား‌ပေးသွားမည့် ခဝဲခြံမျက်‌မမြင်‌‌ကျောင်း
June 17, 2017 Asian Fame

10:53 am
ကျရှုံးသူ‌များကို အား‌ပေးပြီး ‌နောင်နှစ်‌‌အောင်‌မြင်‌‌အောင်‌ သင်‌ကြား‌ပေးသွားမည့် ခဝဲခြံမျက်‌မမြင်‌‌ကျောင်း

19225751_1464714140257530_5843940626195927260_n

ရန်‌ကုန်‌၊ဇွန်‌ ၁၇

ရန်‌ကုန်‌ မရမ်းကုန်း၊ခဝဲခြံမျက်‌မမြင်‌‌ကျောင်းမှ ‌အမြင်‌အာရုံချို့ယွင်းသူ ကျောင်းသား၊‌ကျောင်းသူ ၇ဦး ၂၀၁၇တက္ကသိုလ်‌ဝင်‌တန်းစာ‌မေးပွဲကိုရာက်‌‌ဖြေဆိုခဲ့ရာ ‌
ကျောင်းသား၊‌ကျောင်းသူ ၃ဦး‌အောင်‌မြင်‌၍ တစ်‌ဘာသာဂုဏ်‌ထူးရ ကျောင်းသားထွက်ပေါ်ခဲ့သည်‌ဟု ခဝဲခြံမျက်‌မမြင်‌‌ကျောင်းမှ ‌ဒုကျောင်းအုပ်‌ဆရာမကြီး ‌ဒေါ်မြသီတာက‌Popular News ကိုပြောသည်‌။

“‌ကျောင်းသား‌က ၂ဦးနဲ့ကျောင်းသူ ၅ဦးတို့ ‌ဖြေဆိုတာပါ။သူတို့‌လေး‌တွေ ‌တော်‌‌တော်‌ကြိုးစားကျပါတယ်‌။ကျရှုံးတဲ့သူ‌တွေကိုလဲ အား‌ပေးပြီး ‌နောက်‌နှစ်‌‌အောင်‌မြင်‌‌အောင်‌ သင်‌ကြား‌ပေးမယ်‌။”ဟု
ခဝဲခြံမျက်‌မမြင်‌‌ကျောင်းမှ ‌ဒုကျောင်းအုပ်‌ဆရာမကြီး ‌ဒေါ်မြသီတာက‌‌ပြောသည်‌။

‌၂၀၁၇ တက္ကသိုလ်‌ဝင်‌တန်း စာ‌မေးပွဲ‌အောင်‌မြင်‌ခဲ့‌သော ခဝဲခြံမျက်‌မမြင်‌‌ကျောင်းမှ အမြင်‌အာရုံချို့တဲ့သည့်‌ ‌ကျောင်းသား၊‌ကျောင်းသူ ၃ဦးတွင်‌ ‌၁ဘာသာဂုဏ်‌ထူးရှင်‌ ‌ကျောင်းသား ၁ဦးသည်သမိုင်း ဘာသာရပ်တွင်ဂုဏ်ထူးထွက်ခဲ့သည်။

“ကျွန်‌မတို့ မနက်‌‌စော‌စောပိုင်းထပြီးသွားကြည့်‌ဖြစ်‌တယ်‌။ညကျ‌တော့ လူ‌တွေ အရမ်းများတယ်‌။‌အောင်‌တဲ့က‌လေး‌တွေလဲ ‌ပျော်‌သလို ဆရာမ‌တွေလဲ ‌ပျော်‌ပါတယ်‌။”ဟု ‌ဒေါ်မြသီတာက‌‌ပြောသည်‌။

၂၀၁၅-၂၀၁၆တက္ကသိုလ်‌ဝင်‌တန်းစာ‌မေးပွဲသို့ ခဝဲခြံမျက်‌မမြင်‌‌ကျောင်းမှ အမြင်‌အာရုံချို့ယွင်း‌သော ‌ကျောင်းသား၊‌ကျောင်းသူ ၈ဦးဝင်‌‌ရောက်‌‌ဖြေဆိုခဲ့ပြီးကျောင်းသား၊‌ကျောင်းသူ ၄ဦး‌အောင်‌မြင်‌၍
တစ်‌ဘာသာဂုဏ်‌ထူးရရှိခဲ့သည်‌ဟု ခဝဲခြံမျက်‌မမြင်‌‌ကျောင်းမှ ‌ဒုကျောင်းအုပ်‌ဆရာမကြီး ‌ဒေါ်မြသီတာက‌ပြောသည်‌။

သီဟ

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*