ပိတ်သိမ်းခံ အောင်မဟာယာဉ်လိုင်းကို YBS (သို့) သီးသန့်ယာဉ်လိုင်းအဖြစ်သတ်မှတ်ပေးရန် ယာဉ်ပိုင်ရှင်အချို့တောင်းဆို

ပိတ်သိမ်းခံ အောင်မဟာယာဉ်လိုင်းကို YBS (သို့) သီးသန့်ယာဉ်လိုင်းအဖြစ်သတ်မှတ်ပေးရန် ယာဉ်ပိုင်ရှင်အချို့တောင်းဆို
June 16, 2017 Asian Fame

4:40 pm
ပိတ်သိမ်းခံ အောင်မဟာယာဉ်လိုင်းကို YBS (သို့) သီးသန့်ယာဉ်လိုင်းအဖြစ်သတ်မှတ်ပေးရန် ယာဉ်ပိုင်ရှင်အချို့တောင်းဆို

amh

ရန်ကုန် ၊ ဇွန် ၁၆

မေလအတွင်းက ပိတ်ခံခဲ့ရသည့် အောင်မဟာယာဉ်လိုင်းကို လက်ရှိပြေးဆွဲနေသော(YBS) စနစ် (သို့) သီးသန့် ယာဉ်လိုင်းတစ်ခုအဖြစ် တရားဝင်ပြန်လည်သတ်မှတ်ပေးရန် ယာဉ်ပိုင်ရှင်အချို့ က တောင်းဆိုလိုက်သည်။ယနေ့ ဇွန်လ ၁၆ ရက်နေ့  Orchid ဟိုတယ်တွင် ပြုလုပ်သည့် အောင်မဟာ အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေး မိသားစုဝင်များ သတင်းစာရှင်းပွဲတွင် ယာဉ်ပိုင်ရှင် ၊ ယာဉ်မောင်းအချို့ က အထက်ပါ အတိုင်းတေင်းဆိုခြင်းဖြစ်သည်။အောင်မဟာယာဉ်လိုင်းသည် ယာဉ်စီးခ ၁၀၀၀ ကျပ်နှင့် ဆူးလေ – အောင်မင်္ဂလာအဝေးပြေး ၊ ဆူးလေ-မြောက်ဒဂုံ သို့ပြေးဆွဲနေသည့် ယာဉ်လိုင်းတစ်ခုဖြစ်သည်။

“အခုလိုရပ်ဆိုင်းလိုက်တဲ့အတွက် အခက်အခဲတွေဖြစ်ပါတယ်။တချို့ ယာဉ်မောင်းတွေအတွက်ဆိုရင် စားဝတ်ရေးအခက်အခဲဖြစ်ပါတယ်။ဘာလို့ လဲဆိုတော့ မိသားစုဝင်တွေရှိတယ်။ကျောင်းနေရွယ်ကလေးတွေရှိတာကြောင့် ငွေရေးကြေးရေးအတွက်အခက်ဖြစ်ပါတယ်”ဟုအောင်မဟာယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသန်းထိုက်စိုးက ပြောသည်။ယခုကိစ္စနှင့်ပတ်သတ်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ အတွင်းရေးမှုး ဒေါက်တာ မောင်အောင်ထံသို့ အသနားခံစာ တင်ပြထားကြောင်း ယာဉ်ပိုင်ရှင်များက ဆိုသည်။

အဆိုပါ ယာဉ်လိုင်းစတင်ပြေးဆွဲစဉ်က လိုင်းဝင်ကြေးအနေဖြင့် (၃)သိန်းပေးခဲ့ရပြီးနောက်ပိုင်းဝင်လာသော ယာဉ်များမှာ ၅ သိန်းမှ ၈ သိန်းအထိပေးခဲ့ရကြောင်းယာဉ်လိုင်းပိုင်ရှင် ဦးသက်နိုင်စိုးက ပြောသည်။ယာဉ်လိုင်းဖျက်သိမ်းရသည့်ကိစ္စနှင့် ပတ်သတ်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) သို့ဆက်သွယ်မေးမြန်းရာ ဆက်သွယ်မရခဲ့ပေ။အဆိုပါ ယာဉ်လိုင်းသည် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့် ၂၀၁၄ ခုနှစ် ဇွန်လမှစတင်ကာ အောင်မဟာခရီးသည်ပို့ ဆောင်ရေးမော်တော်ယာဉ်ခရီးစဉ်အမည်ဖြင့် ပြေးဆွဲခဲ့ပြီး နောက်ဆုံးပိတ်သိမ်းချိန်တွင် ယာဉ်စီးရေ ၁၆၀ ခန့် ရှိကြောင်းသိရသည်။

Wai Shine Kyaw

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*