ပြည်ပသို့ အိမ်အကူလုပ်သားပို့ခြင်း ပြန်ခွင့်ပြုသင့်/မသင့် Debate ပြုလုပ်

ပြည်ပသို့ အိမ်အကူလုပ်သားပို့ခြင်း ပြန်ခွင့်ပြုသင့်/မသင့် Debate ပြုလုပ်
June 15, 2017 Asian Fame

12:06 pm
ပြည်ပသို့ အိမ်အကူလုပ်သားပို့ခြင်း ပြန်ခွင့်ပြုသင့်/မသင့် Debate ပြုလုပ်

ilo

ရန်ကုန်၊ ဇွန် ၁၅

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအိမ်အကူအလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် “အိမ်အကူအလုပ်သမားများ ပြည်ပသို့ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းအပေါ်တားမြစ်ပိတ်ပင်မှုအား ရုတ်သိမ်းသင့်ပါသလား” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲDebate တစ်ခုကို ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်နေပါတယ်။

တားမြစ်ပိတ်ပင်တွေကို ရုတ်သိမ်းစေချင်တဲ့ဘက်က မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAFမှ အမှုဆောင်ကော်မတီဝင် ဦးဇော်မျိုးမြင့်နဲ့ ဒေါ်သက်သက်အောင် (တာဝန်ခံ ၊Future Light Center)တို့က ဆွေးနွေးပြီး တားမြစ်ပိတ်ပင်မှုကိုဆက်လက်ထားရှိလိုတဲ့ဘက်က ဦးနေဝင်းနိုင်(ရှေ့နေ ၊ The Fifth Pillar )တို့က ဆွေးနွေးကြပါတယ်။

တားမြစ်ပိတ်ပင်မှုပြုထားရတဲ့အကြောင်းနဲ့အနာဂတ်အတွက် အလုပ်သမားဝန်ကြီးဌာန၏အစီအစဉ်တွေကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ ဒုညွှန်ချုပ် ဒေါ်ခင်နွေဦး က ဆွေးနွေးပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စင်္ကာပူမှာ အိမ်အကူအလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားချင်းတိုင်းရင်းသူလေးတစ်ဦး တိုက်ပေါ်က ခုန်ချသက်သေမှုဖြစ်ပွားခဲ့ပါတယ်။မြန်မာနိုင်ငံကနေ အိမ်အကူသွားရောက်အလုပ်လုပ်ကိုင်မှုအများဆုံးလို့ ဆိုရမယ့်နိုင်ငံဟာလည်းစင်္ကာပူနိုင်ငံဖြစ်ပါတယ်။လက်ရှိမှာ မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို အိမ်အကူအလုပ်သမားပို့ခွင့်ပိတ်ထားပါတယ်။

ilo25

ဒါပေမဲ့ တရားမ၀င်ပို့ဆောင်မှုတွေကတော့ရှိနေပါတယ်။ဒီအထဲမှာ စင်္ကာပူနိုင်ငံကို တရားမ၀င်သွားရောက်လုပ်ကိုင်မှု က အများဆုံးဖြစ်ပါတယ်။တရားမ၀င်သွားရောက်လုပ်ကိုင်သူတွေဟာ လေဆိပ်ကနေ ပဲ ပွဲစားအသီးသီးရဲ့ ပို့ဆောင်မှုနဲ့ ထွက်ခွာကြတာဖြစ်ပါတယ်။ထိရောက်တဲ့ တားဆီးအ ရေးယူမှုတွေဆောင်ရွက်ဖို့ အစိုးရမှာတာဝန်ရှိတယ်လို့ အေဂျင်စီတွေနဲ့ ပြည်သူတွေက ဝေဖန်ကြပေမယ့် ၀န်ထမ်းအင်အားအခက်အခဲ တွေရှိနေတယ်လို့ အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာန တာဝန်ရှိသူတွေက ပြောကြားထားဖူးပါတယ်။

YL

ပုံ-MOEAF

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*