ချင်းပါတီ ၂ ခုပေါင်းစည်း

ချင်းပါတီ ၂ ခုပေါင်းစည်း
June 15, 2017 Asian Fame

5:51 pm
ချင်းပါတီ ၂ ခုပေါင်းစည်း

Chin(ရန်ကုန်၊ ဇွန် ၁၅)

ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (CNDP) နဲ့ ချင်းတိုးတက်ရေး ပါတီ(CPP) တို့ကတော့ ဒီကနေ့ ပါတီတစ်ခု တည်းအဖြစ် ပေါင်းစည်း လိုက်ပြီဖြစ်ပါတယ်။

ချင်းပါတီပေါင်းစည်းဖို့ ကြိုးစားခဲ့ကြတာ ကြာပါပြီ။

မူလအစက ချင်းပါတီ ၃ ခုဖြစ်တဲ့ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (CLD)၊ ချင်း အမျိုးသား ဒီမိုကရက်တစ် ပါတီ (CNDP)နှင့် ချင်း တိုးတက် ရေးပါတီ (CDP) တို့ ပေါင်းစည်းမယ်လို့ ဆိုထားပေမယ့် အခု ပေါင်းစည်းမှု မှာတော့ ချင်းပါတီ ၂ ခုပဲပါဝင်လာတာ ကိုတွေ့ ရပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာကျင်းပတဲ့ အစည်းအဝေးမှာ ချင်းပါတီ ၂ ခုက အခုလိုပေါင်းစည်းခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်းမှာရှိတဲ့ တီးတိန်၊ ဖလမ်း ၊ ဟားခါး ၊ ထန်တလန် ၊ ကန်ပက်လက်၊ မတူပီ၊ ပလပ်ဝ စတဲ့မြို့နယ်တွေနဲ့ ကလေး၊ တမူးမြို့နယ်တွေက ချင်းဒီမို ကရေစီအဖွဲ့ချုပ်ပါတီ (CLD)၊ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ (CNDP)နှင့် ချင်းတိုးတက် ရေးပါတီ (CPP) ကော်မတီဝင် တို့ရဲ့ပေါင်းစည်းရေး သဘောတူညီကြောင်း လက်မှတ်ရေးထိုးထုတ်ပြန်ချက်တွေနဲ့အညီ ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေး မှာ တစ်ပါတီတည်းအဖြစ်ပေါင်းစည်းရန်ဆုံးဖြတ်ကြောင်း သိရပါတယ်။

19105919_1911802729073298_2006038194499045627_nချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ပူးဇိုဇမ် နဲ့ ချင်းတိုးတက်ရေးပါတီ ဥက္ကဌ ပူးနိုထန်ကပ် တို့ အတူတကွ လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာ အခြားချင်းနိုင်ငံရေးပါတီတွေ၊ ချင်းလူမျိုးကို အခြေမခံတဲ့ တစ်ခြားနိုင်ငံရေးပါတီတွေ နဲ့ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တွေကို လည်း အခုပေါင်းစည်းရေးဖြစ်စဉ်မှာ တန်းတူပါဝင်နိုင်စေရေးတံခါးဖွင့်ထားတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲ ၊ ၂၀၁၇ ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲတွေမှာ ချင်းပြည်နယ် အတွင်းက ချင်း ပါတီတွေ အနိုင်ရရှိခဲ့ခြင်း မရှိပါဘူး။

YL
Photo-CNDP

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*