မုဒုံမြို့နယ်တွင် ရထားနှင့် ကားတိုက်မိ၍ လူ ၃ ဦးသေဆုံးခဲ့

မုဒုံမြို့နယ်တွင် ရထားနှင့် ကားတိုက်မိ၍ လူ ၃ ဦးသေဆုံးခဲ့
June 13, 2017 Asian Fame

6:09 pm
မုဒုံမြို့နယ်တွင် ရထားနှင့် ကားတိုက်မိ၍ လူ ၃ ဦးသေဆုံးခဲ့

train(ရန်‌ကုန်‌၊ ဇွန်‌ ၁၃)

မုဒုံမြို့နယ်‌ မှိန်‌ဂနှိမ်းကျေးရွာနှင့်‌ ဖား‌အောက်‌‌ကျေးရွာ ကြားရှိ တာပသွန်ကျေးရွာထိပ်‌ ရထားလမ်း‌ သို့‌မောင်းနှင်‌လာ‌သော ကားနှင့်‌ ‌ရေးမြို့မှ မော်လမြိုင်သို့ (အဆန်)ခုတ်မောင်းလာသော မီးရထားသည်‌ ဇွန်‌လ ၁၂ ရက်‌‌နေ့ ည ၈:၃၀က တိုက်‌ခတ်‌ခဲ့ပြီး လူ သုံးဦး‌သေဆုံးကာ နှစ်‌ဦးဒဏ်‌ရာရခဲ့သည်‌။

“ဓမ္မစကူး ဆရာ‌တော်‌ကို လိုက်‌ပို့တဲ့အချိန်‌ ရထားလမ်း အ‌ပေါ်ကား အ‌ရောက်‌ ရထားနဲ့ တိုက်‌မိတာ‌‌ပါ။ ကားတံခါးက ရထား နဲ့ချိတ်‌ပြီး ကား‌ရော၊ လူ‌တွေ‌ရောလွင့်‌သွားတယ်‌။”ဟု မုဒြုံမို့နယ်‌ လူမှုကယ်‌ဆယ်‌‌ရေး အတွင်း‌ရေးမှူး ဦးသန်းဝင်းက‌ပြောသည်‌။

ရထားနှင့်‌ ကားတိုက်‌ခတ်‌မှု‌ကြောင့်‌ ယာဉ်‌‌မောင်းဖြစ်‌သူ ဦးစိုးသိန်းမှာ ကယ်‌ဆယ်‌‌ရေး‌ ရောက်‌ပြီး မကြာမှီသေဆုံးခဲ့ပြီး ဒဏ်‌ရာရ လူနာ သုံးဦး အား ‌မော်‌လမြိုင်‌‌ဆေးရုံသို့ပို့‌ဆောင်‌စဉ်‌ တစ်‌ဦး‌ထပ်‌မံ‌သေဆုံးသွားခဲ့သည်‌။

“HONDA FIT ကား‌ပေါ်မှာ လူ‌လေးဦးနဲ့ ဘုန်းကြီး တစ်‌ဦးပါလာတယ်‌။ ရထားနဲ့ ကားတိုက်‌ပြီးပြီးချင်း ဘုန်‌ကြီးကို သူ့ဒကာ‌တွေ က ‌မော်‌လမြိုင်‌‌ဆေးရုံ‌ခေါ်သွား‌ပေးတယ်‌။ လူ‌လေးဦးထဲမှာ တစ်‌ဦးက အ‌သေးစား ဒဏ်‌ရာပဲရတယ်‌။”ဟု ဦးသန်းဝင်းက‌ပြောသည်‌။

‌‌မော်‌လမြိုင်‌‌ဆေးရုံသို့ ပို့‌ဆောင်‌‌ပေးခဲ့‌သော မောင်အောင်သူ(၁၃)နှစ်သည်‌ ‌ဆေးရုံ‌ရောက်‌ပြီး မကြာမှီ ‌သေဆုံး သွားခဲ့သည်‌ဟု ဦးသန်းဝင်း က‌ပြောသည်‌။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*