မိကျောင်း ကိုက်ချီမူဖြစ်စဉ်ဖြစ်ပွားပြီးနောက် မိကျောင်းဘေးအန္တရာယ်ပညာပေးလုပ်ဆောင်မည်

မိကျောင်း ကိုက်ချီမူဖြစ်စဉ်ဖြစ်ပွားပြီးနောက် မိကျောင်းဘေးအန္တရာယ်ပညာပေးလုပ်ဆောင်မည်
June 13, 2017 Asian Fame

4:57 pm
မိကျောင်း ကိုက်ချီမူဖြစ်စဉ်ဖြစ်ပွားပြီးနောက် မိကျောင်းဘေးအန္တရာယ်ပညာပေးလုပ်ဆောင်မည်

19m1

ရန်ကုန် ၊ ဇွန် ၁၃

နှစ်စဉ် မိကျောင်းကိုက်ချီမူဖြစ်ပွားသည့် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအနီးဝန်းကျင်တွင်မိကျောင်းဘေးအန္တရာယ်ပေးလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းဘေးမဲ့တောအုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ ဘေးမဲတောသည် ဧရာဝတီတိုင်းဒေသကြီး ၊ ဘိုကလေးမြို့ နယ်တွင် တည်ရှိပြီး ကမ္ဘာ့အရေးပါသော ရေ၀ပ်ဒေသ စာရင်းဝင် နေရာ (Ramsar Site )အဖြစ်နိုင်ငံတကာ ရေတိမ်ဒေသဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် Ramsar Convention မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ က အတည်ပြု သတ်မှတ်လိုက်သည်။

“အခုချိန်က မိတ်လိုက်တဲ့ ရာသီဖြစ်တယ်။အန္တရာယ် ရှိပါတယ်၊ ဒါကြောင့်လဲ ဆိုင်းဘုတ်တွေကို အရင်ကတည်း စိုက်ထားပေးပါတယ်။ သူတို့တွေက နားမထောင်ဘူး ဒါကြောင့် အခုလကုန်မှာ ပညာပေးထပ်လုပ်မှာဖြစ်တယ်။” ဟု ဘေးမဲ့တောအုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ ပညာပေးခြင်းလုပ်ငန်းကို ဘေးမဲ့တောဝန်ထမ်းများ နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများဖြင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မိုက်ဖြင့် အော်ဟစ်ကြေငြာခြင်းများ နှင့် ရွာများအထိ ကွင်းဆင်းပညာပေးသည့်အထိ ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့  ညနေပိုင်းက ဘေးမဲ့တောအတွင်းရှိ ကြောင်ထောက် ချောင်းအနီးတွင်ထင်းဝင်ခုတ်ရာမှ မိကျောင်းကိုက်ချီခံရခြင်းဖြစ်ပွားသည်။ ထိုအတွက်ကြောင့် ပညာပေးလုပ်ငန်းများကိုလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဘေးမဲ့တောအုပ်ချုပ်ရေးမှူးက ပြောသည်။ထိုအပြင် ဘိုကလေးမြို့ မိန်းမလှကျွန်း သဘာဝဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဌာနတို့သည် ယခင်နှစ် ကတည်းက မိကျောင်း အန္တရာယ် ရှိသည် ၊ ရေထဲမဆင်းရ ဆိုင်းဘုတ်များလည်းစိုက်ထူ ထားကြောင်း သိရသည်။

မိကျောင်းကိုချီမူ ဖြစ်စဉ် မျိုး နှစ်စဉ်ဖြစ်ပွားခဲ့ရာ ၂ဝ၁၃ ခုနှစ်တွင် ရွှေပြည်အေးကျေးရွာမှ တတိယတန်း ကျောင်းသားတစ်ဦး နှင့် ၂ဝ၁၄ ခုနှစ် တွင်လည်းဆတ်ကျွန်းရန်မခကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကိုရင်လေး တစ်ပါး၊ ၂ဝ၁၅ ခုနှစ်တွင် ဆတ်ကျွန်း ရေကမြင်းကျေးရွာမှ ကိုကုလားကြီးနှင့် ၂၀၁၆ ခုနှစ်ကကြိမ်ချောင်းကြီးကျေးရွာအုပ်စု ဆင်အိုင် ကျေးရွာ၌အမျိုးသမီးတစ်ဦး မိကျောင်းကိုက်ခံခဲ့ရသည်။

ဝေရှိုင်းကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*