တစ်နှစ်အတွင်း ရန်ကုန်တိုင်း အစိုးရမှ တံတား ၁၆၆ စင်း ၊ကျောင်း ၂၀၇ ကျောင်းဆောက်ပေးခဲ့

တစ်နှစ်အတွင်း ရန်ကုန်တိုင်း အစိုးရမှ တံတား ၁၆၆ စင်း ၊ကျောင်း ၂၀၇ ကျောင်းဆောက်ပေးခဲ့
June 13, 2017 Asian Fame

6:11 pm
တစ်နှစ်အတွင်း ရန်ကုန်တိုင်း အစိုးရမှ တံတား ၁၆၆ စင်း ၊ကျောင်း ၂၀၇ ကျောင်းဆောက်ပေးခဲ့

(ရန်ကုန် ဇွန် ၁၃)

ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ တံတား ၁၆၆ စင်း၊ ကျောင်း သစ် ၂၀၇ ကျောင်းနှင့်ကွန်ကရစ်လမ်းနှင့် ကတ္တရာ ကွန်ကရစ်လမ်း ၃၀၄ လမ်းဆောက်လုပ်ခဲ့ပြီးစီးခဲ့သည်ဟု တိုင်းအစိုးရ၏ တစ်နှစ်တာဆောင်ရွက်မှုမှတ်တမ်းအရသိရသည်။

ဇွန်လ ၉ ရက်နေ့ က တိုင်းအစိုးရမှ ထုတ်ပြန်သော မှတ်တမ်းများအရ လမ်းတံတားနှင့်ရေစီးရေ လာကောင်း မွန်ရေးဆောင်ရွက်ချက် များတွင် စည်ပင်သာယာ နယ်နိမိတ်မြို့နယ် များအတွင်း ကွန်ကရစ်လမ်း ၂၆၃ လမ်းနှင့် ကတ္တရာ ကွန်ကရစ်လမ်း ၄၁လမ်း (မိုင် စုစုပေါင်း၁၀၉ မိုင်) ကိုလည်းကောင်း၊ ပညာရေး ဆောင်ရွက်ချက် များအရ အခြေခံပညာကျောင်းပေါင်း ၂၀၇ ကျောင်း ကိုလည်းကောင်း ၊ ကွန်ကရစ်တံတား ၁စင်းနှင့် Box Culvert (၁၆၅) စင်းကိုလည်းကောင်း ဆောက်လုပ်ပေးပြီးစီး ခဲ့ကြောင်းမှတ်တမ်း တွင်ဖော်ပြထားသည်။

ထို့ အပြင် ပန်းခြံ(၂)ခြံအဆင့်မြင့်တင်ခဲ့ပြီး အားကစားကွင်း(၉) ကွင်းအသစ်တည်ဆောက်ပေးခဲ့ရကြောင်းလည်းသိရသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*