ကျူးကျော် ကိစ္စဖြေရှင်းရန် တိုင်းအစိုးရ ကျပ်ငွေ ၆၄ ဘီလီယံ ဘဏ်တွင် ရင်းနှီးမြှုပ်နှံထားပြီး

ကျူးကျော် ကိစ္စဖြေရှင်းရန် တိုင်းအစိုးရ ကျပ်ငွေ ၆၄ ဘီလီယံ ဘဏ်တွင် ရင်းနှီးမြှုပ်နှံထားပြီး
June 13, 2017 Asian Fame

5:47 pm
ကျူးကျော် ကိစ္စဖြေရှင်းရန် တိုင်းအစိုးရ ကျပ်ငွေ ၆၄ ဘီလီယံ ဘဏ်တွင် ရင်းနှီးမြှုပ်နှံထားပြီး

house(ရန်ကုန် ဇွန် ၁၃)

ကျူးကျော်များဖြစ်ပေါ် လာရခြင်းကို ဖြေရှင်းရန် ကျပ်ငွေ ၆၄ ဘီလီယံ ရင်းနှီးမြှုပ်နှံ ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး၏ တစ်နှစ်တာ ဆောင်ရွက်မှု မှတ်တမ်း အရသိရသည်။  အိမ်ရာ ဆောက်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံရန် အတွက် ရန်ကုန်မြိုတော် စည်ပင် သာယာ ရေးကော် မတီ အောက်ရှိ City Bank တွင်အဖွဲ့ အစည်း များအတွက် ရင်းနှီင်္းငွေကျပ် ငွေ၆၄ ဘီလီယံ ထည့်ဝင် ထားကြောင်း တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း စာအုပ် စာမျက်နှာ ၉-၁၀ တွင်ဖော်ပြထားသည်။  ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ က ပြု လုပ်ခဲ့သော ရန်ကုန်တိုင်း ဒေသကြီး၏ တစ်နှစ် တာဆောင်ရွက်မှု သတင်းစာ ရှင်းလင်းပွဲတွင် ထိုမှတ်တမ်း များထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး ကျူးကျော်များကို စနစ်တကျပြန်လည် နေရာ ချထားပေးရန် တိုင်းအစိုးရမှ အလွန်အင်မတန် စိတ်ဝင်စားကြောင်း ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။

”ကျူးကျော်တွေ နဲ့ ပတ်သတ်လို့ ကတော့ ကျွန်တော်တို့ မျှော်မှန်း ထားတာက သုံးသိန်းကျော်လောက် ဖြစ်ပါတယ်။ တကယ် လက်တွေ့ မြေပြင် အခြေအနေ မှာလေးသိန်းကျော်လောက် ရှိပါတယ်။ ဒီထဲမှာရှိတဲ့ လူတွေ အားလုံးဟာ ကျူးကျော် အစစ်အမှန် ဟုတ်မဟုတ် ဆိုတာကို ကျွန်တော်တို့ သေချာ စိစစ်သွားပါမယ်။ သတင်း တပ်ဖွဲ့ တွေ ကို ပေးပြီး စိစစ်သွားမှာဖြစ်ပါတယ်။ ဒီထဲမှာ ပြေးလေးပြေးလိုမျိုးပါနေတာ မျိုးတွေ၊နယ် မြေတွေထဲမှာ ရာဇ၀တ်မှု ကျုးလွန်ထားတဲ့ သူတွေ ရှိနေတာမျိုးတွေ ၊ကျူးကျော်မဟု တ်ဘဲနဲ့ အစိုးရကို လိမ်လည်ပြီးကျူးကျော် စာရင်းသွင်းနေတာမျိုးတွေ စိစစ်သွားမှာဖြ စ်ပါတယ်။ ဒါပေမဲ့ ကျူးကျော်တွေကို စနစ်တကျ ပြန်လည် နေရာချထားပေးဖို့ ကေ တာ့ ကျွန်တော်တို့ အလွန် အင်မတန် စိတ်ဝင်စားပါတယ်” ဟု၎င်းက ဆိုသည်။

ထို့ ပြင်နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ကျူးကျော်များ ပြန်လည်နေရာ ချထားပေးရေး အစီအစဉ်သစ် အတွက်ဧရိယာ တစ်ခုရွေးချယ် သတ်မှတ်ရေးအတွက်လေ့လာဆန်းစစ်မှုများပြုလုပ်နေသည်ဟုဝန်ကြီးချုပ်ကပြောသည်။
ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*