လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံး

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံး
June 12, 2017 Asian Fame

3:21 pm
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံး

ရန်‌ကုန်‌၊ ဇွန်‌ ၁၂

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ကျေးရွာ၊ အရှေ့စုရပ်ကွက်တွင် ဇွန်‌လ ၁၂ ရက်‌‌နေ့ နံနက်‌ ၂:၃၀ နာရီက လေဆင်နှာမောင်းတိုက်ခတ်၍ လူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရကာ နေအိမ် ၁၈လုံး လုံးဝပျက်စီးသွားသည်‌ဟု လူမှုဝန်‌ထမ်းကယ်‌ဆယ်‌‌ရေးနှင့်ပြန်‌လည်‌‌နေရာချထား‌ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်း‌ကျော်‌‌ဌေးက‌ပြောသည်‌။

“ကျားတစ်‌ဦး၊မတစ်‌ဦး‌သေဆုံးတာပါ။‌လေဆင်‌နှာ‌မောင်းဒဏ်‌‌ကြောင့်‌ အိမ်‌‌တွေဆို တိုင်‌ပါကျွတ်‌သွားတယ်‌။‌သေဆုံးသူ‌တွေဆို အပြင်‌ပါလွင့်‌စင်‌သွားတယ်‌။ပစ္စည်း‌တွေဆိုလဲ ပြန့်‌ကျဲလိုက်‌သလိုဖြစ်‌သွားတယ်‌။”ဟု ဦးသန်း‌ကျော်‌‌ဌေးက‌ပြောသည်‌။ဆိုင်‌ကလုန်းမုန်‌တိုင်းတိုက်‌ခတ်‌ မှုေ‌ကြောင့်‌ ကလေးငယ်‌ ၁ ဦးနှင့်‌ လူ ၃ဦး ထိခိုက်‌ဒဏ်‌ရာရရှိခဲ့ပြီး ယိုးတရုတ်‌‌ဆေးရုံတွင်‌ ‌ဆေးကုသမှုခံယူလျက်‌ရှိသည်‌။ဆိုင်‌ကလုန်းမုန်‌တိုင်း‌ကြောင့်‌ လူ‌နေအိမ်‌ ၁၈ လုံးလုံးဝပျက်‌စီးခဲ့ပြီး အိမ်‌‌ထောင်‌စု ၁၈ စု၊လူဦး‌ရေ ၈၆ ဦးအိုးမဲ့အိမ်‌မဲ့ဖြစ်‌ပွားခဲ့ရသည်‌။

“ပြိုကျသွားတဲ့ အိမ်‌‌တွေက တဲအိမ်‌‌တွေလဲပါတယ်‌။သွပ်‌မိုး၊ဓနိကာနဲ့ ပျဉ်‌‌ထောင်‌အိမ်‌‌တွေလဲပါပါတယ်‌။ကျွန်‌‌တော်‌တို့ ‌မြေပြင်‌ဆင်းပြီးသွား‌ရောက်‌‌ထောက်‌ပံ့‌နေပါတယ်‌”ဟု ဦးသန်း‌ကျော်‌‌ဌေးက‌ပြောသည်‌။ရခိုင်‌ပြည်‌နယ်‌လူမှုဝန်‌ထမ်းကယ်‌ဆယ်‌‌ရေးနှင့်‌ ပြန်‌လည်‌‌နေရာချထား‌ရေးဦးစီးဌာနမှ ဆိုင်‌ကလုန်းမုန်‌တိုင်းဒဏ်‌‌ကြောင့်‌ ‌သေဆုံးသူနှစ်‌ဦးအား တစ်‌ဦးလျှင်‌ ၃သိန်း‌ထောက်‌ပံ့ပြီး ဒဏ်‌ရာရရှိသူ ‌လေးဦးအား တစ်‌ဦးလျှင်‌ ၅‌သောင်းကျပ်‌‌‌‌ထောက်‌ပံ့မှု ပြုလုပ်‌‌ပေးခဲ့‌သည်‌။

“လက်‌ရှိမှာ‌တော့ အိမ်‌‌ထောင်‌စု ၁၈ စုက လူဦး‌ရေ ၈၆ ဦးကို ရွာလယ်‌ဓမ္မာရုံမှာ ‌နေရာချထား‌ပေးပါတယ်‌။”ဟု လူမှုဝန်‌ထမ်းကယ်‌ဆယ်‌‌ရေးနှင့်‌ ပြန်‌လည်‌‌နေရာချထား‌ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်း‌ကျော်‌‌ဌေးက‌ပြောသည်‌။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*