တောင်ငူ နှင့် သာစည်ကြားတွင် ရထားနှင့် လိုက်ထရပ် ၀င်တိုက်မှုဖြစ်ပွား

တောင်ငူ နှင့် သာစည်ကြားတွင် ရထားနှင့် လိုက်ထရပ် ၀င်တိုက်မှုဖြစ်ပွား
June 12, 2017 Asian Fame

1:52 pm
တောင်ငူ နှင့် သာစည်ကြားတွင် ရထားနှင့် လိုက်ထရပ် ၀င်တိုက်မှုဖြစ်ပွား

track2

ရန်‌ကုန်‌၊ ဇွန်‌ ၁၂

ဇွန်‌လ ၁၁ ရက်‌‌နေ့က မီးရထားလမ်း မိုင်တိုင်အမှတ် ၁၆၉/ ၁ နှင့် ၁၆၉/ ၂ ကြားတွင်‌သာစည် – တောင်ငူ (မြောက်မှ တောင်) အမှတ် (၂၂) အစုန် ကုန်ရထားနှင့်‌ မစ်ဆူဘီရှီ လီဂါလိုက်‌ထရပ် အဖြူရောင်ယာဉ်တို့တိုက်‌မိခဲ့ပြီး ၂ ဖာလုံခန့်‌‌‌‌မြောပါခဲ့‌ကြောင်း ‌တောင်‌ငူမြို့မရဲစခန်းက ‌ပြောသည်‌။

track

“တောင်ငူမြို့ကံရိုးကျေးရွာနားက ကံရိုးကျေးရွာနဲ့ ဘုရားနှစ်ဆူ ကျေးရွာတို့ ဆက်သွယ်ထားတဲ့ လမ်းမှာ ရထားနှင့် ကား တိုက်တာပါ။ လူ‌တော့မ‌သေပါဘူး။ အ‌ပေါ်ယံ ဒဏ်‌ရာ‌တော့ရရှိခဲ့တယ်‌။”ဟု ‌တောင်‌ငူမြို့မရဲစခန်းမှ တာဝန်‌ရှိသူတစ်‌ဦးက‌ပြောသည်‌။ရထားဖြင့်‌တိုက်‌ခတ်‌မှု‌ကြောင့်‌ ယာဉ်‌‌မောင်းကို‌ကျော်‌စွာသည်‌ ယာ‌လက်‌‌မောင်း‌ပေါက်‌ပြဲ ဒဏ်‌ရာတစ်‌ခု (ပြင်ပလူနာ – မစိုးရိမ်ရ)ဖြင့်‌တောင်ငူဆေးရုံကြီးတွင်‌‌ဆေးကုသမှုခံယူလျက်‌ရှိသည်‌။

“လက်ရှိမှာ‌တော့ ယာဉ်‌‌မောင်းကို‌ကျော်‌စွာကို မီးရထားလုပ်‌ငန်းဥပ‌ဒေအရ အ‌ရေးယူ‌ပေးဖို့ သံလမ်းအင်‌ဂျင်‌နီယာ ဦးစန်းယုက ‌တောင်‌ငူမြို့မရဲစခန်းမှာ အမှုဖွင့်‌ထားပါတယ်‌။”ဟု ‌တာဝန်‌ကျ ရဲအရာရှိတစ်‌ဦးက‌ပြောသည်‌။ရထားနှင့်‌ကားတိုက်‌ခတ်‌မှုသည်‌ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်ကဖြစ်‌ပွားခဲ့ပြီး ညနေ ၅ နာရီ ၂၀ မိနစ်တွင် တောင်ငူဘူတာသို့ ဆက်လက်ထွက်ခွါသွားခဲ့ကြောင်း သိရသည်‌။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*