June 12, 2017
10:29 am
10:29 am
ကျူးကျော်တဲ များကို စတင်ဖယ်ရှား
( ရန်ကုန် ဇွန် ၁၂ )
ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ်ပိုင် အမြန်လမ်း ၃ မိုင် ၀န်းကျင်မှာ ဆောက်လုပ်နေထိုင်လျက် ရှိနေတဲ့ ကျူးကျော်တဲ များကို ဒီကနေ့ ဇွန် ၁၂ ရက်နေ့ မနက်ပိုင်း ၉ နာရီကျော်က စပြီး စတင်ဖယ်ရှား နေပါပြီ။ နေထိုင်နေ သူများက အပြန်အလှန်အော်ဟစ် ပြောဆိုမှုတွေ ရှိနေလို့ ရဲတပ်ဖွဲ့ ကလည်း မလို က်နာဘူး ဆိုရင် တရားဥပဒေ အရ အရေးယူမယ် လို့ သတိပေးနေပါတယ်။ ရဲတပ်ဖွဲ့ ဝင်များရဲ့ ဆောင်ရွက်နေမှုကို နှောင့် ယှက်လို့ ဆိုပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီးတစ်ဦး တို့ကို အချုပ်ကားနဲ့  ဖမ်းဆီး သွားပါတယ်။ ဖျက်ဆီး ဖယ်ရှားနေတဲ့ အိမ်တွေထဲမှာ ဓနိမိုးထရံကာအိမ် များပါသလို အုတ်ဖိနပ် ပျဉ်ထောင်သွပ်မိုးအိမ် များလည်း တွေ့ရပါတယ်။ နေထိုင်သူများ ကတော့ သူတို့ဟာ ဒီမြေနေရာ ကို ၀ယ်ယူခဲ့ရတယ်ဆိုတဲ့အကြောင်းပြောပြကြ ပါတယ်။ ဖြိုးထက်အောင်