NLD ပြည်သူ့လွှတ်တော်အမတ် မိကွန်ချမ်း၏ အမျိုးသားပိုင် (Morning Star) စားသောက်ဆိုင်ကို ဖယ်ရှားသွားမည်

NLD ပြည်သူ့လွှတ်တော်အမတ် မိကွန်ချမ်း၏ အမျိုးသားပိုင် (Morning Star) စားသောက်ဆိုင်ကို ဖယ်ရှားသွားမည်
June 9, 2017 Asian Fame

11:42 am
NLD ပြည်သူ့လွှတ်တော်အမတ် မိကွန်ချမ်း၏ အမျိုးသားပိုင် (Morning Star) စားသောက်ဆိုင်ကို ဖယ်ရှားသွားမည်

mstar

ရန်ကုန် ၊ ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့်. (ှMorning Star )စားသောက်ဆိုင်ကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာနပြောခွင့်ရသူက ပြောသည်။အဆိုပါ Morning Star စားသောက်ဆိုင်သည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် အတွင်းရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်NLDပါတီမှ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်း၏ အမျိုးသား ဦးကျော်စိုးမိုးက ပိုင်ဆိုင်ခြင်းဖြစ်သည်။

“တိုင်းအစိုးရ ရဲ့ ခွင့်ပြုချက်နဲ့ ဇွန် ၁၁ ရက်နေ့ မနက် ၆ နာရီမှာ အင်အားသုံးပြီး ဖယ်ရှားသွားမှာဖြစ်ပါတယ်။” ဟု၎င်းက ပြောသည်။

ယင်း ဆိုင်သည် အစိုးရပိုင်မြေပေါ်တွင် ငှားရမ်းဆောက်လုပ်ထားခြင်းဖြစ်ပြီး စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် ဖယ်ရှားပေးရန် အကြိမ်ကြိမ် အကြောင်းကြားခဲ့သော်လည်း ဖယ်ရှားပေးခြင်းမရှိခဲ့ပေ။ယင်း ကိစ္စနှင့် ပတ်သတ်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနက ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင်သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့သေးသည်။

ယခင်အစိုးရလက်ထက် ပြည်ထောင်စု အစိုးရရုံး ညွှန်ကြား ချက်အရ Morning Star စား သောက်ဆိုင်မြေနေရာကို ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးရမည်ဖြစ်၍ ၂၀၁၃ ဩဂုတ်၌ နောက်ဆုံးထားဖယ်ရှားပေးရန်အသိပေးအကြောင်းကြားမှုများဆောင်ရွက်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ယင်းကိစ္စရပ် နှင့်ပတ်သက်ပြီး ဆိုင်ပိုင်ရှင် ဦးကျော်စိုးမိုးဘက်မှ အယူခံတင်သွင်းသော်လည်း အောင်မြင်မှုမရှိကြောင်း သိရသည်။Morning Star ဆိုင်နေရာ ဖယ်ရှားရှင်းလင်းရန် ၁၉၅၅ ခုနှစ်၊ အစိုးရ အိမ်ဥပစာ (နှင်ထုတ်ခြင်း) အက် ဥပဒေပုဒ်မ ၉၊ ၁ ဖြင့် မင်္ဂလာတောင်ညွန့်ရဲစခန်းတွင် အမှုဖွင့် ထားသည်။

ဝေရှိုင်းကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*