အမြန်လမ်းပေါ်တွင် ထိုင်ခုံခါးပတ် မပတ်သည့် မော်တော်ယာဉ် များကို ယခုလ (၁)ရက်နေ့မှ စတင် ဖမ်းဆီးလျှက် ရှိရာ တစ်ပတ် အတွင်း အစီးရေ(၈၅၀) အထိ ဖမ်းဆီးရမိ

အမြန်လမ်းပေါ်တွင် ထိုင်ခုံခါးပတ် မပတ်သည့် မော်တော်ယာဉ် များကို ယခုလ (၁)ရက်နေ့မှ စတင် ဖမ်းဆီးလျှက် ရှိရာ တစ်ပတ် အတွင်း အစီးရေ(၈၅၀) အထိ ဖမ်းဆီးရမိ
June 8, 2017 Asian Fame

12:15 pm
အမြန်လမ်းပေါ်တွင် ထိုင်ခုံခါးပတ် မပတ်သည့် မော်တော်ယာဉ် များကို ယခုလ (၁)ရက်နေ့မှ စတင် ဖမ်းဆီးလျှက် ရှိရာ တစ်ပတ် အတွင်း အစီးရေ(၈၅၀) အထိ ဖမ်းဆီးရမိ

highway တောင်ငူ ၊ ဇွန် (၈)

ထိုင်ခုံခါးပါတ်များ အသုံးပြုပါတ်ဆင်ခြင်း မရှိဘဲ ရန်ကုန်မန္တလေး အမြန်လမ်းမကြီးပေါ် တွင်ဖြတ်သန်းကြသည့် မော်တော်ယာဉ် များကို ဖမ်းဆီး အရေးယူ လျှက်ရှိရာ စတင်ဖမ်းဆီးသည့် ဇွန်လ(၁) ရက်နေ့မှ(၇) ရက်နေ့ အထိ တစ်ပတ် အတွင်း ယာဉ်အစီးရေ (၈၅၀) အထိ ဖမ်းဆီး အရေးယူခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှသိရသည်။

အမြန် လမ်းမကြီးပေါ် ဖြတ်သန်းသည့် မော်တော်ယာဉ်များ ကိုထိုင်ခုံခါးပတ်များ ပါတ်ကြဖို့နှင့် သတ်မှတ် အမြန်နှုန်း အတိုင်း သာမောင်းနှင် ကြဖို့ ပညာပေး ကမ်းပိန်းများနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပြီး ယခုလ(၁)ရက်နေ့မှ စတင်ကာ အရေးယူမှု များပြုလုပ်ခြင်း ဖြစ်သည်။

အမြန်လမ်းပေါ်တွင် ထိုင်ခုံခါးပါတ် မပါတ်သည့် မော်တော်ယာဉ် များကို နေပြည်တော် ရန်ကုန်နှင့် မန္တလေးတိုးဂိတ် များတွင် အမြန် လမ်းမကြီး ရဲတပ်ဖွဲ့မှစစ်ဆေးအမှုဖွင့် အရေးယူခြင်းဖြစ်သည်။ အရေးယူ ခံရပါက သက်ဆိုင်ရာ မြို့ရှိတရားရုံး များတွင် ဒါဏ်ငွေ (၃၀၀၀၀) ကျပ်ပေးဆောင်ရမည်ဖြစ်သည်။  အရေးယူခံရသည့် မော်တော်ယာဉ်များ၏ (၇၀)ရာခိုင်နှုန်းကျော် သည် အိမ်စီးကား များဖြစ် ကြပြီး ခရီးသည်တင် express ကားအချို့လဲ အရေးယူခံခဲ့ရသည်။ အမြန်လမ်းပေါ်တွင် ထိုင်ခုံခါးပတ်များ ပါတ်ကြရန် အတွက် ခရီးသည်တင် ကားလိုင်းအချို့တွင် စာကပ်အသိပေးမှု များရှိသော်လည်း ယာဉ်တွင်လိုက်ပါကြသည့် တာဝန်ကျဝန်ထမ်း အချို့မှာ ခရီးသည်များ ကို ခါးပါတ်ပါတ်ကြရန် တိုက်တွန်းနှိုးဆော်မှု မရှိကြောင်းတွေ့ရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*