လွှတ်​​တော်​ကိုယ်​စားလှယ်​ ရုံးခန်းကို ပါတီရုံးနဲ့ တွဲပြီး ဖွင့်​ထားတာမျိုးတွေ မလုပ်သင့်ဘူးလို့ ရခိုင်အမတ် တင်ပြ

လွှတ်​​တော်​ကိုယ်​စားလှယ်​ ရုံးခန်းကို ပါတီရုံးနဲ့ တွဲပြီး ဖွင့်​ထားတာမျိုးတွေ မလုပ်သင့်ဘူးလို့ ရခိုင်အမတ် တင်ပြ
June 8, 2017 Asian Fame

4:19 pm
လွှတ်​​တော်​ကိုယ်​စားလှယ်​ ရုံးခန်းကို ပါတီရုံးနဲ့ တွဲပြီး ဖွင့်​ထားတာမျိုးတွေ မလုပ်သင့်ဘူးလို့ ရခိုင်အမတ် တင်ပြ

ht

နေပြည်တော် ၊ ဇွန် ၈

လွှတ်တော်ကိုယ်စားလှယ် ရုံးခန်းကို ပါတီရုံးနဲ့ တွဲပြီး ဖွင့်ထားတာမျိုးတွေ မလုပ်သင့်ဘူးလို့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။လက်ရှိမှာတော့ NLD ရော၊ပြည်ခိုင်ဖြိုးရော၊အခြား ပါတီက ကိုယ်စားလှယ် အချို့တို့ဟာ မိခင်ပါတီရုံးနဲ့ကိုယ်စားလှယ်ရုံးကို တွဲ ဖွင့်ထားကြပါတယ်။

ဦးဖေသန်းက လွှတ်တော်ကိုယ်စားလှယ် ရုံးခန်းကို ပါတီရုံးတွေနဲ့ အတူတွဲဖွင့်ထားတာဟာ ပြည်သူလူထုကို ကိုယ်စားပြုနိုင်ဖို့ အဟန့်အတား တစ်ခု ဖြစ်နေတယ်။ဒါ့ကြောင့် ပြည်သူ့လွတ်တော်အနေနဲ့ တာဝန်ယူဖွင့်လှစ်ပေးသင့်တယ်လို့သူက ဆိုပါတယ်။

“ပြည်သူ့ လွတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၆၅မှာ လွတ်တော်ကိုယ်စားလှယ်ရုံးများကို လွတ်တော်မှ တာဝန်ယူ ဖွင့်လှစ်နိုင်ခြင်းမရှိသေးမှီ လွတ်တော်ကိုယ်စားလှယ်များဟာ မိမိတို့ အစီအစဉ်ဖြင့် ဖွင့်လှစ်လိုပါက နေရာထိုင်ခင်း ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များကို ကျခံပြီး ဖွင့်လှစ်နိုင်တယ်လို့ ပြဌာန်းထားပါတယ် ၊လက်တွေ့မှာတော့ အများအားဖြင့် ပါတီရုံးနဲ့ တွဲဖွင့်ထားရတာဖြစ်လို့ လွတ်တော်ကိုယ်စားလှယ်ရုံးဟာ အများပြည်သူကို ကိုယ်စားပြုနိုင်မဲ့ အဟန့်အတား အခက်အခဲဖြစ်နေပါတယ် ၊ ဒါကြောင့်မြို့နယ်တိုင်းကို လွတ်တော်က တာဝန်ယူ ဖွင့်လှစ်သင့်ပြီဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု သူကဆိုပါတယ်။

ဆက်လက်ပြီး သူက ပြည်သူ့လွတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၄တွင်လည်း လွတ်တော်သည် လွတ်တော်ကိုယ်စားလှယ်ရုံးများကို လိုအပ်သောမြို့နယ်များတွင် ဖွင့်လှစ်ခွင့် ပေးတယ်လို့ ပြဌာန်းထားတာကြောင့် လွတ်တော်က ဖွင့်ခွင့်ပေးသောမြို့နယ်တွင်သာ ဖွင့်လှစ်သင့်ကြောင်း သူကထပ်ပြောပါတယ်။

SLM

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*