မိုရာ ဆိုင်ကလုန်းကြာင့် သေဆုံးခဲ့သူ နှင့် ဒဏ်ရာရ သူများကို ထောက်ပံ့ကြေး ပေးအပ်မည်

မိုရာ ဆိုင်ကလုန်းကြာင့် သေဆုံးခဲ့သူ နှင့် ဒဏ်ရာရ သူများကို ထောက်ပံ့ကြေး ပေးအပ်မည်
June 8, 2017 Asian Fame

2:27 pm
မိုရာ ဆိုင်ကလုန်းကြာင့် သေဆုံးခဲ့သူ နှင့် ဒဏ်ရာရ သူများကို ထောက်ပံ့ကြေး ပေးအပ်မည်

(ရန်ကုန်၊ ဇွန် ၈)

မိုရာ ဆိုင်ကလုန်း မုန်တိုင်း အဖျားခတ်မှုကြောင့် သေဆုံးခဲ့သူများနှင့် ဒဏ်ရာရရှိ သူများကို ထောက်ပံ့ကြေး ပေးအပ် သွားမည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှပြောသည်။

မိုရာဆိုင်ကလုန်း မုန်တိုင်းကြောင့် သေဆုံးသူ ၃ဦးရှိပြီး ဒဏ်ရာ ရရှိသူ ၁ဦး ရှိကြောင်း တနိုင်ငံလုံး အတိုင်းအတာ စာရင်းများ အရ သိရသည် ဟု ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးအာကာကိုကို ကပြောသည်။

“မိုရာ မုန်တိုင်းကြောင့် ရခိုင်မှာဆို သစ်ပင်ပိသေတဲ့ သူတဲ့သူရှိတယ်။ မုန်တိုင်း ဒဏ်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရသူလည်း ရှိတယ်။ သူတို့ကိုထောက်ပံ့ သွားမှာပါ”ဟု ဦးအာကာကိုကိုကပြောသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ သေဆုံးသူ၃ဦး၏ မိသားစု ၃စုအား ငွေကျပ် ၃သိန်းထောက်ပံ့မည် ဖြစ်ပြီး ဒဏ်ရာ ရရှိသူ ၁ဦးအား ဆေးကုသမှုစရိတ် ငွေကျပ်၅သောင်းထောက်ပံ့သွားမည် ဖြစ်သည်။

“လစဉ်ထောက်ပံ့ သွားတာမျိုးတော့ မဟုတ်ဘူးပေါ့။ မုန်တိုင်းပြီးတဲ့နောက်မှာ ကွင်းဆင်း ဆောင်ရွက်ထောက်ပံ့ သွားတာပါ။ ယခုနှစ်မှာ ဆိုရင် ဒဏ်ရာရ သူတွေကိုပါ ထောက်ပံ့ လာပြီဖြစ်တယ်” ဟု ဦးအာကာကိုကိုကပြောသည်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*