တရားရုံးနှင့် တရားစွဲအဖွဲ့အစည်းများ တည်ဆဲဥပဒေများကို သွေဖယ်လုပ်ဆောင်နေသည်ဟု The Voice ၏ ရှေ့နေ ဝေဖန်

တရားရုံးနှင့် တရားစွဲအဖွဲ့အစည်းများ တည်ဆဲဥပဒေများကို သွေဖယ်လုပ်ဆောင်နေသည်ဟု The Voice ၏ ရှေ့နေ ဝေဖန်
June 8, 2017 Asian Fame

4:06 pm
တရားရုံးနှင့် တရားစွဲအဖွဲ့အစည်းများ တည်ဆဲဥပဒေများကို သွေဖယ်လုပ်ဆောင်နေသည်ဟု The Voice ၏ ရှေ့နေ ဝေဖန်

law

ရန်ကုန်၊ ဇွန် ၈

တရားရုံးနှင့် တရားစွဲအဖွဲ့အစည်းများသည် တည်ဆဲဥပဒေများကို သွေဖယ်လုပ်ဆောင်နေ သည်ဟု အတိအလင်းပြောလိုကြောင်း The Voice အမှု၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့်က ဝေဖန်ပြောဆိုလိုက်သည်။

ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက ဗဟန်းတရားရုံးတွင် ပထမဆုံးရုံးထုတ်ခဲ့သော The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့်သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်တို့ ၏ အာမခံလျောက်ထားမှု ပယ်ချခံရမှုနှင့်ပတ်သတ်၍ သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားခြင်းဖြစ်သည်။

”ဆက်သွယ်ရေးဥပဒေမှာ ပုဒ်မ ၈၉ ခုပါပါတယ်။ဘယ်ဥပဒေမှာမှ အာမခံမပေးရဘူးလို့ ဆို တဲ့ ပြဌာန်းချက်မပါပါဘူး။ သမ္မတ လက်မှတ်ရေးထိုးပြီးထုတ်ပြန်ထားတာပါ။ ထို့ အတူပဲ တ ရားရုံးတွေ လက်စွဲပြုနေရတဲ့ ကျင့်ထုံးဥပဒေမှာလည်း တရားရုံးညွှန်ကြားလွှာထဲမှာ ဥပဒေ တစ်ရပ်ရပ်က အာမခံမပေးရဘူးလို့ ညွှန်ကြားမထားရင် အာမခံပေးကိုပေးရမယ်ဆိုတာပါ ပါတယ်။အာမခံ အခွင့်အရေးသည် တရားစွဲခံရတဲ့ ပုဂ္ဂိုလ်များရဲ့ အခွင့်အရေးဖြစ်ပါတယ်။ တရားရုံးရဲ့ ဆင်ခြင်ထုံတရားအောက်မှာမရှိပါဘူး ပေးဆိုရင် ပေးကိုပေးရမှာပါ” ဟု၎င်းကပြောသည်။

The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့်သရော်စာရေးသားသူ ဗြိတိသျှ ကိုကိုမောင်တို့ ကို ရာဇ၀တ်ကျင့်ထုံးဆိုင်ရာဥပဒေ ပုဒ်မ ၄၉၇ အပိုဒ်ခွဲ(၁)အရ အာမခံပေး ရန်လျောက်ထားခဲ့သော်လည်း ဗဟန်းတရားရုံးက အာမခံအထောက်အထားမပြည့်စုံဟုဆို ကာ အာမခံပယ်ချခဲ့သည်။

၎င်းတို့ လျောက်ထားခဲ့သော အာမခံမှာ ကျန်းမာရေးမကောင်းသောကြောင့်ဟုဆိုသောအချက်ဖြင့် တောင်းခံခဲ့သော အာမခံမျိုးမဟုတ်ဘဲ ရာဇ၀တ်ကျင့်ထုံးဆိုင်ရာ ဥပဒေပုဒ်မ၄၉၇ အပိုဒ်ခွဲ(၁)အရ ခံစားခွင့်ရှိသော အာမခံကိုလျောက်ထားခဲ့ခြင်းကြောင့် ဆေးလက်မှတ်မပြ နိုင်သောကြောင့် ပယ်ချခဲ့သည်ဆိုခြင်းမှာ တရားဥပဒေနှင့်မညီကြောင်း ဦးခင်မောင်မြင့်က ပြောသည်။

ထို့ အပြင် တရားရုံးကျင့်ထုံးတွင် ရုံးပိတ်ရက်များ၌ အလွန်တရာအရေးကြီးသော အမှုအ ခင်းများမှလွဲ၍ လုံးဝရုံးမထိုင်ရဟူသော အချက်ကိုပြဌာန်းထားသောကြောင့် ဗဟန်းမြို့  နယ်တရားသူကြီးက စနေနေ့ တွင် ချုပ်ရက်ရမန်ကိုထုတ်ပေးလိုက်သောကြောင့် တရားသူ ကြီးဒေါ်သရဖီအောင်ကိုလည်း ဥပဒေအရ စီစစ်အရေးယူပေးရန် အနောက်ပိုင်းခရိုင်တရား ရုံးသို့ တင်ပြထားကြောင်းသိရသည်။

ရာဇ၀တ်ကျင့်ထုံးဆိုင်ရာဥပဒေ ပုဒ်မ ၄၉၇ အပိုဒ်ခွဲ(၁)အရ စွပ်စွဲခံရသူသည် သတ်မှတ်အ ရည်အချင်းနှင့်ပြည့်မီသော အာမခံပေးမည့်သူရှိခြင်း၊ သက်သေခံပစ္စည်းများ မဖျောက်ဖျက် ခြင်း၊ ထွက်ပြေးမည့်အနေအထားမရှိခြင်း၊ တရားစွဲဆိုသူ ၊ အပြစ်မဲ့ပြည်သူနှင့်ပတ်ဝန်းကျင် ကို အန္တရာယ်ပြုနိုင်မည့်သူမဟုတ်ခြင်း၊ တရားဥပဒေကိုထပ်မံကျူးလွန်နိုင်သည်ဟုမသတ် မှတ်နိုင်ခြင်း၊ သေနိုင်ချမှတ်နိုင်သော ပြစ်မှုမဟုတ်ခြင်း၊ သက်ဆိုင်ရာအဖွဲ့ အစည်းတစ်ခုခုမှ ဂုဏ်သရေရှိပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်း စသော အချက်များနှင့်ပြည့်စုံပါက အာမခံလျောက်ထား မှု ပေးကိုပေးရမည်ဟု အမှုရှေ့နေများကပြောသည်။

ဖြိုးထက်အောင်
ဓါတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*