တနိုင်းဒေသမှာ တင်းမာလာတဲ့ တိုက်ပွဲ အရိပ် အငွေ့တွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြတဲ့ ဒေသခံတွေ

တနိုင်းဒေသမှာ တင်းမာလာတဲ့ တိုက်ပွဲ အရိပ် အငွေ့တွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြတဲ့ ဒေသခံတွေ
June 8, 2017 Asian Fame

12:21 pm
တနိုင်းဒေသမှာ တင်းမာလာတဲ့ တိုက်ပွဲ အရိပ် အငွေ့တွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြတဲ့ ဒေသခံတွေ

tanine(တနိုင်း ၊ ဇွန် ၈)

ကချင်ပြည်နယ် တနိုင်းမြို့နယ် အတွင်းက ရွှေ /ပယင်း မှော် ၁၀ ခုမှာ အစိုးရ တပ်မတော်ကနယ်မြေရှင်းလင်းတာတွေ လုပ်မှာဖြစ် လို့ ဒေသခံ နဲ့ရွှေ့ပြောင်း လုပ်သားတွေကို ဇွန် ၁၅ ရက်နေ့ နောက်ဆုံး ထားပြီး ဖယ်ရှားပေးဖို့ ပြောဆိုထားတဲ့ စာရွက်တွေ ပျံ့နှံ့ နေပြီးနောက် ပိုင်း မြင်တွေ့ရတဲ့အခြေအနေတွေဖြစ်ပါတယ်။

ဒါကတော့ ဒေသခံတွေနဲ့ေ၇ွှ့ပြောင်းလုပ်သားတွေ တိုက်ပွဲကြားမညှပ်အောင် ထွက်ပြေးတိမ်းရှောင်နေတာပါ။

တနိုင်းမြို့နယ် အတွင်းက ထန်းပလားမှော် ၊ ဝမ်းပလာမှော်၊ အောင်လွတ်မှော်၊ တုံမဏီမှော် ၊ ချောင်းဆုံမှော် ၊ နန်ဗြူမှော်၊ ဂျာအောင် ဘာမှော်၊ ဇီးဖြူကုန်းမှော် ၊ ညောင်ပင် ကုန်းမှော်နဲ့ နမ့်ကွမ်းမှော် စတဲ့ မှော်တွေ ထဲက ထွက်ပြေးတိမ်းရှောင်ကြတဲ့ သူတွေဖြစ်ပါတယ်။
ဒီထွက်ပြေးတိမ်းရှောင်သူတွေကို အရပ်ဘက်အဖွဲ့တွေက တက်နိုင်သလောက် ကူညီိ ကယ်ဆယ်နေကြပါတယ်။

တနိုင်းမြို့ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို ၊ အခြားနေရာတွေကို ထွက်ပြေး တိမ်းရှောင်သူတွေ လည်း ရှိနေပါတယ်။
ထွက်ပြေးတိမ်းရှောင်သူတွေဟာ ရေလမ်းခရီးကို အသုံးပြုကြပါတယ်။

ကုန်းလမ်းခရီးကသွားရင် အန္တရာယ် အလွန်များတဲ့ အခြေအနေမှာ ရှိနေတာကြောင့်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဓာတ်ပုံ – နော်ဆိုင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*