ခရီးသွားလာခွင့်အချိန်ကာလကန့်သတ်ပိတ်ပင်ထားတဲ့…KIA ရဲ့အကြောင်းကြားစာတွေပျံ့နှံ့နေတဲ့ ဖားကန့်

ခရီးသွားလာခွင့်အချိန်ကာလကန့်သတ်ပိတ်ပင်ထားတဲ့…KIA ရဲ့အကြောင်းကြားစာတွေပျံ့နှံ့နေတဲ့ ဖားကန့်
June 8, 2017 Asian Fame

11:34 am
ခရီးသွားလာခွင့်အချိန်ကာလကန့်သတ်ပိတ်ပင်ထားတဲ့…KIA ရဲ့အကြောင်းကြားစာတွေပျံ့နှံ့နေတဲ့ ဖားကန့်
p

ဖားကန့်ဒေသတွင် ပျံ့နှံ့နေသည့် KIA တပ်ရင်း ၆ ၏ အကြောင်းကြားစာ

ဖားကန့်၊ ဇွန် ၈

တနိုင်းဒေသမှာ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ဖို့ ဒေသခံတွေကို ရှောင်ရှားခိုင်းပြီး ရက်ပိုင်းလေးအကြာမှာပဲ ဒေသခံတွေကိုခရီးသွားလာခွင့်အချိန်ကာလ ကန့်သတ်ပိတ်ပင်တဲ့ KIA အဖွဲ့ရဲ့ အကြောင်းကြားစာတွေ ဖားကန့်ဒေသမှာ ပျံ့နှံလျက်ရှိပါတယ်။ပျံ့နှံ့နေတဲ့ စာမှာတော့ ဇွန်လ ၇ ရက်နေ့ ရက်စွဲပါရှိပြီး KIA တပ်ရင်း ၆ က တတပ်ရင်းမှူးလက်မှတ်ထိုးထုတ်ပြန်ထားတာဖြစ်ပါတယ်။

လက်တလောဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကြောင့် မိုးကောင်း-ကာမိုင်းလမ်း ၊လ၀ါး-ကာမိုင်းလမ်း၊ ကာမိုင်း-ဖားကန့်လမ်း ၊ ဝှေခါ-ဖားကန့်လမ်း စတဲ့ လမ်းပိုင်းတွေမှာ ဇွန်လ ၁၀ ရက်နေ့က စပြီး နံနက် ၆ နာရီကနေ ည ၇ နာရီအတွင်းပဲသွားလာဖို့ ၊ ကျန်တဲ့အချိန်လုံးဝသွားလာခြင်းမပြုဖို့ ပြောဆိုထားပါတယ်။

ကန့်သတ်ထားတဲ့အချိန်မှာ ခရီးသွားလာလို့ တစ်စုံတစ်ရာဖြစ်ခဲ့မယ်ဆိုရင် KIA တပ်ရင်း ၆ နဲ့ လုံးဝမဆိုင်ကြောင်း ၊ လိုက်နာခြင်းမရှိသူရဲ့ တာဝန်သာဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုထားပါတယ်။ဒါနဲ့ပတ်သတ်ပြီး ဖားကန့်မြို့မရဲစခန်းကို ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းရာမှာတော့ “ဒီစာကတော့ဟုတ်ပါတယ်။ ပျံ့နေပါတယ်။ လက်တလောကတော့ တိုက်ပွဲဖြစ်တောတွေ ဘာတွေ မရှိပါဘူး။ အခြေအနေတည်ငြိမ်နေပါတယ်” လို့ စခန်းရဲ့တာဝန်ကျရဲတပ်ဖွဲ့ဝင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီအကြောင်းကြားစာနဲ့ပတ်သတ်ပြီး KIA တပ်ရင်း ၆ က ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးနဲ့ KIA ကတာဝန်ရှိသူအချို့ကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ပြီးခဲ့တဲ့ ရက်ပိုင်းက တနိုင်းဒေသမှာဆိုရင်လဲ တပ်မတော်က နယ်မြေရှင်းလင်းရေးလှုပ်ရှားမယ်ဆိုပြီး ဒေသမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ နေထိုင်သူတွေကို ဇွန် ၁၅ နောက်ဆုံးထားထွက်ခွာပေးဖို့အကြောင်းကြားထားခဲ့ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*