NLD အစိုးရက ကျောင်းသား အားကစား ပွဲ​တော်​ပြန်လုပ်မယ်

NLD အစိုးရက ကျောင်းသား အားကစား ပွဲ​တော်​ပြန်လုပ်မယ်
June 7, 2017 Asian Fame

12:19 pm
NLD အစိုးရက ကျောင်းသား အားကစား ပွဲ​တော်​ပြန်လုပ်မယ်

minister(နေပြည်တော် ၊ ဇွန် ၇)

ဆယ်စုနှစ် တစ်စုကျော်ကြာ ပျောက်ကွယ်ခဲ့တဲ့ ကျောင်းသား အားကစား ပွဲတော်ကို NLD အစိုးရက ပြန်လည် ကျင်းပဖို့ စီစဉ်နေတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

အခုလို ပြန်လည် ကျင်းပနိုင်ဖို့အတွက် ပညာရေး ၀န်ကြီးဌာနနဲ့ ဆွေးနွေးနေကြောင်း ၀န်ကြီးက ဆိုပါတယ်။

ကျင်းပသွားနိင်မယ့် ကာလကို ပြည်ထောင်စု ၀န်ကြီးက တိတိကျကျ မဖြေခဲ့ဘဲ ၁ နှစ် ၂ နှစ် အတွင်းမှာ လို့ ဆိုပါတယ်။

“ကျောင်းသားတွေ ကျန်းမာဖို့လိုသလို ၊ နိုင်ငံ လက်ရွေးစင် ကစားသမားတွေ ကိုလည်း မွေးထုတ်ပေးဖို့ လိုတယ် “လို့ ၀န်ကြီးက ဆက်ပြော ပါတယ်။

ဇွန်လ ၇ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး အပြီးပြန်အထွက်မှာ ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက သတင်းထောက်တွေ ကို အထက်ပါ အတိုင်းပြောကြားခဲ့တာပါ။

NLD အစိုးရ က ကျောင်းသား အားကစားပွဲတော် လုပ်ဖို့ စီစဉ်နေသလို ၊ မြန်မာနိုင်ငံမှာ ရှိတဲ့ ကျောင်းတိုင်း မှာလည်း ကျောင်းသား တိုင်း အားကစား လုပ်နိုင်ဖို့ ပညာရေး ဝန်ကြီးနဲ့ တိုင်ပင်နေတယ်လို့ သူကဆိုပါတယ်။

” ကျောင်းတွေမှာ အခုဆိုရင် စားပွဲတင်တင်းနစ် ခုံတွေလည်းထားရှိပါတယ်၊ နောက်ပြီးတော့ သူနာပြုကျောင်းပေါင်း ၅၀ မှာလည်း အာကစား လုပ်နိုင်အောင် အားကစားပစ္စည်းတွေ ထားရှိတယ်၊ သူနာပြုတွေ လည်း ကျန်းမာ မှဖြစ်မှာလေ”လို့ ပြည်ထောင်စု ဝန်ကြီးက ဆက်ပြောပါတယ်။

ကျောင်းသား အားကစား ပွဲတော်ဟာ ဆိုရင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကျင်းပခြင်း လုံးဝ မရှိခဲ့တာဖြစ်ပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*