GPS တပ်ထားသည့်ဆိုင်ကယ်ကိုမှ ခိုးမိသူ

GPS တပ်ထားသည့်ဆိုင်ကယ်ကိုမှ ခိုးမိသူ
June 7, 2017 Asian Fame

12:51 pm
GPS တပ်ထားသည့်ဆိုင်ကယ်ကိုမှ ခိုးမိသူ

circle

မန္တလေး ၊ ဇွန် ၇

ဆိုင်ကယ်တွင်တပ်ဆင်ထားသည့် GPS ကြောင့် ဆိုင်ကယ်ခိုးသူကို ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်တစ်ခု မန္တလေးတွင်ဖြစ်ပွားခဲ့သည်။ ဇွန်လ ငါးရက်နေ့နေ့လည်ပိုင်းက မက္ကစီကို နိုင်ငံသား Mr Antonio ငှားရမ်းစီးခဲ့သည့် ဆိုင်ကယ်သည် မန္တလေး ၊ ကုသိုလ်တော်ဘုရားရှေ့တွင် ရပ်ထားစဉ် အခိုးခံလိုက်ရသည်။ယင်းဆိုင်ကယ်တွင် GPS တပ်ဆင်ထားသဖြင့် ရဲက ပျောက်ဆုံးသွားသည့် ဆိုင်ကယ်ကို GPS ဖြင့် ပြန်လည်ရှာဖွေရာ ဆိုင်ကယ်သည် မတ္တရာမြို့နယ်အတွင်းက ကျေးရွာတစ်ခုတွင် ရောက်ရှိနေကြောင်းတွေ့ရှိရသဖြင့် လိုက်လံဖမ်းဆီးရာ ခိုးယူသူကို သက်သေခံပစ္စည်းနှင့်တကွ ဖမ်းဆီးရမိခဲ့သည်။ခိုးယူသူကို အမှတ်(၁) နယ်မြေရဲစခန်းက (ပ)၃၅၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (မဆ) နှင့် အရေးယူထားသည်။

Source — မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*