မြိတ်လေတပ်စခန်းကနေ ထွက်သွားတဲ့ ခရီးသည် ၁၀၀ ခန့်ပါ တပ်မတော်(လေ) လေယာဉ် တစ်စီး အဆက်အသွယ် ပြတ်တောက်နေ

မြိတ်လေတပ်စခန်းကနေ ထွက်သွားတဲ့ ခရီးသည် ၁၀၀ ခန့်ပါ တပ်မတော်(လေ) လေယာဉ် တစ်စီး အဆက်အသွယ် ပြတ်တောက်နေ
June 7, 2017 Asian Fame

5:05 pm
မြိတ်လေတပ်စခန်းကနေ ထွက်သွားတဲ့ ခရီးသည် ၁၀၀ ခန့်ပါ တပ်မတော်(လေ) လေယာဉ် တစ်စီး အဆက်အသွယ် ပြတ်တောက်နေ

(ရန်ကုန်၊ ဇွန် ၇)

မြိတ်လေတပ် စခန်းကနေ ထွက်သွားတဲ့ ခရီးသည် ၁၀၀ ခန့်ပါ တပ်မတော်(လေ) လေယာဉ် တစ်စီး အဆက် အသွယ် ပြတ်တောက်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါနဲ့ပတ်သတ်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးက ဗိုလ်မှူးကြီးမြတ်မင်းဦး ကို ပေါ်ပြူလာနယူးစ်က ဒီကနေ့ ညနေပိုင်း ၄ နာရီ ၄၅ မိနစ်အချိန် မှာ ဆက်သွယ် မေးမြန်းရာမှာတော့

“မပြောတက်သေးဘူး။ ကျွန်တော်တို့လည်းသတင်းကြားတယ်။ ဒါပေမဲ့ သတင်းထုတ်ပြန်ဖို့ လိုရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံးကနေ သတင်းထုတ်ပြန်ပါလိမ့်မယ်။ တစ်နာရီ ၂ နာရီလောက်စောင့်ပေးပါ” လို့ မေးမြန်းမှု အပေါ်ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါနဲ့ ပတ်သတ်ပြီး လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ကိုဆက်သွယ် မေးမြန်းရာမှာတော့ တပ်မတော်(လေ)နှင့် ပတ်သတ်သည့် သတင်းဖြစ်သဖြင့် မသိရှိသေးကြောင်း ဆိုပါတယ်။

အခု အဆက်အသွယ် ပြတ်တောက်သွားတယ်လို့ သတင်း ထွက်ပေါ်နေတဲ့ တပ်မတော်(လေ) လေယာဉ် ဟာဆိုရင် ဒီကနေ့ မနက်ပိုင်း က မြိတ်လေတပ် စခန်းဌာနချုပ်ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ လေယာဉ်လို့ သိရပါတယ်။

အသေးစိတ်ကို ဆက်လက်တင်ပြပေးပါ့မယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*